လတ်တလော

Ubuntu သုံးလာတာ နှစ် နှစ်​ကျော်လာပြီ၊ ဘာကိုမှ ဟုတ်တိပတ်တိ မလေ့လာဖြစ်သလို ဘာမှလည်း မလုပ်တတ်ဘူး၊ ကိုယ့် desktop sidebar မှာ တင်ထားတဲ့ GIMP Image Editor, Audacity, Scribus, OpenShop Video Editor, Inkscape Vector Graphics Editor အဲဒါတွေကိုတောင်မှ တစ်ခုမှ မသုံးတတ်ဘူး၊ အနည်းဆုံး Libre Office Suit လောက်တော့ သုံးတတ်သင့်တယ်၊ ဒါပေမယ့် ကိုယ်က ဘာဆိုဘာမှကို မတတ်တာ၊ ခက်တာက အမြဲတမ်းလိုလို ကိုယ်က ဘာမှမတတ်သူက ဘာမှမသိသူကို ဆရာလုပ် သင်ပြရတဲ့အ​ခြေအနေမျိုး ကြုံရတယ်၊ သင်ပေးရတာကတော့ Windows မှာပေါ့၊ Windows လည်း ကိုယ်က ကောင်းကောင်း မသုံးဖူးဘူးရယ်၊ မသုံးဖူးဘူး ဆိုတာထက် software အသုံးပြုရတာ စိတ်မပါတာ၊ စိတ်မပါတော့ မလေ့လာဖြစ်၊ မလေ့လာဖြစ်တော့ မတတ်၊ မတတ်တော့ ကိုယ့်ကိုယ်ကို အားမရ ဖြစ်နေတာ။Continue Reading

နောက်ဆုံးတော့ ကျွန်တော်ရယ် စာအုပ်တွေရယ်

စာကို အာရုံစိုက်ပြီး မဖတ်ဖြစ်တာ တော်တော်ကြာပြီ၊ လိုင်း​ပေါ်မှာလည်း စာသေချာဖတ်တတ်တဲ့ အလေ့အကျင့် မရှိတော့ တစ်ခါခါ စာဖတ်ချင်ပေမယ့် ဖတ်စရာ စာမရှိသလို ခံစားရလို့ တောင်ကြီးက မီလျှံနာကို သွားပြီး စာအုပ်တစ်ချို့ သွားဝယ်ဖြစ်ခဲ့တယ်၊ ဒါတောင် တော်တော်နဲ့ မဖတ်ဖြစ်ဘူး၊ စာအုပ်ကိုင်ရမှာကို ပျင်းစရာကြီးလို၊ ပင်ပန်းတဲ့ အလုပ်တစ်ခု မလုပ်ချင်ပဲ လုပ်ရတော့မလို ဖြစ်နေတော့တာ၊ စာမဖတ်တာ ကြာလာတော့ စာကစာ ဘဝက ဘဝ သည်လို ထင်ချင်တတ်လာတယ်၊ မှန်တယ် မှားတယ် မ​​ပြောလိုပါဘူး၊ လူ့စိတ်ဆိုတာမျိုးက လက်ရှိခံစားချက်သည်သာ အမှန်လို့ ထင်နေတတ်ကြတယ် မဟုတ်လား။Continue Reading

ကိုယ်နှင့် သိမ်ငယ်စိတ်

မျှော်လင့်ခြင်းတွေ တစ်ခုပြီးတစ်ခု ကြွေကျ ပျက်စီးခံရတာကနေ ဘဝထဲကို သိမ်ငယ်စိတ်ဆိုတာ တဖြေးဖြေးဝင်ရောက်လာတယ်၊ ကြာလာတာနဲ့အမျှ ဒီစိတ်က ကိုယ့်ခန္ဓာကိုယ်ကို သူ့အိမ်လို သဘောထားလာတယ်၊ တစ်စုံတစ်ခု ကြိုးစားနေရင်းနဲ့တောင် ဒါလုပ်နေလို့ ဘာထူးလာမှာမို့လဲ ဆိုတာမျိုးနဲ့ ကိုယ့်လက်ရှိ ကောင်းတဲ့ လုပ်ဆောင်ချက်တွေကိုတောင်မှ အနှောင့်အယှက် ပေးတဲ့အထိ ဖြစ်ဖြစ်လာတယ်၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်ကိုပါ ဆွဲချတယ်၊ ဒီလိုအ​ခြေအနေနဲ့ မျှင်မျှင်လေး ရှင်သန်နေသူတစ်ယောက်ဟာ တစ်ခါတရံမှာ ပတ်ဝန်းကျင် သို့မဟုတ် ကိုယ်အလေးထားသူတွေနဲ့ အဆင်မပြေတာလေးနည်းနည်း ဖြစ်တာနဲ့ သိမ်ငယ်စိတ်က အလွယ်တကူ ဝင်ရောက်လာရော​​။Continue Reading

ဂိမ်းတစ်ခုကို စွန့်လွတ်ခြင်း

ဒီနေ့ ၂ နှစ်ကျော်လုံးလုံး နေ့ရောညပါ မနားတမ်း ဆော့လာခဲ့တဲ့ ဂိမ်းတစ်ခုကို တခြားလူတစ်ယောက်ကို အပြီးအပိုင် ပေးပစ်လိုက်တယ်၊ လွယ်တော့မလွယ်ဘူး တော်တော်လေး အပင်ပန်းခံပြီး ကြိုးစားဆော့လာတာကို သူများကို ဒီအတိုင်း ပေးပစ်ပြီး ရုတ်တရက် ဖြတ်ဖို့ဆိုတာ၊ အတူတူဆော့နေကြတဲ့ friend တွေကိုလည်း အားနာတယ်၊ တခြားသူတွေလည်း အဖွဲ့ထဲက တဖြည်းဖြည်း အနားယူကုန်လို့ ကိုယ်လည်း စိတ်ကုန်လာတာလည်း ပါတယ်၊ စဆော့ကတည်းက ပျော်ရတယ်ဆိုတာ မရှိခဲ့ဘူး၊ ဘယ်ချိန်သူများတွေ ငါ့ကို လာတိုက်သွားမလဲလို့ ပူပန်နေရတာချည်းပဲ၊ ပြီးတော့ အချိန်တိုင်း စက္ကန့်တိုင်း လိုင်းပေါ်တက်နေနိုင်မှ တော်ကာကျတဲ့အမျိုး၊ COC လို ပျင်းချိန်မှ တက်ဆော့လို့ ရတာမျိုး မဟုတ်ဘူး၊ အစကတည်းက မလွယ်မှန်း သိသိနဲ့ ဆော့ခဲ့တာဆိုတော့လည်း ဖြတ်ဖို့က တော်တော်ခက်တယ်၊ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုကလည်း ခက်တာမှ ပိုအားသန်တာမျိုး။Continue Reading

၁၊ ဇန်နဝါရီ၊ ၂၀၁၇

လွန်ခဲ့တဲ့ ၁.၁.၂၀၀၇ ကနေ ပြန်ရေတွက်ရင် ၁၀နှစ်တိတိ ကြာမြင့်ခဲ့ပြီ၊ ထုံးစံအတိုင်း ထူးထူးခြားခြား မှတ်မိနေတာ (အမှတ်ရစရာ) ဘာမှမရှိဘူး၊ ပြောချင်တာက ပျော်စရာတွေ မရှိခဲ့တဲ့အတွက် ခုချိန်မှာ လွမ်းမောစရာတွေ ရှိမနေဘူး၊ နောက်ပြီး နာကျင်စရာတွေ မရှိသလိုနေခဲ့တော့ ရင်မောစရာတွေ ပြန်တွေးနေမိတာမျိုးလည်း ရှိမနေဘူးလို့။ ဒီ ၁၀နှစ်တာကို ကိုယ်ဘယ်လို ဖြတ်သန်းခဲ့လဲ တိတိကျကျ ပြန်တွေးဖို့ ခက်တယ်၊ သေချာတာကတော့ အာရုံကျရာ လျှောက်လုပ်ရင်း အဆင်ပြေမှု မပြေမှု လှိုင်းတွေထဲ လှည့်ပတ်ကူးခတ်ရင်း မေ့မေ့လျော့လျော့နေခဲ့တာပါပဲ။Continue Reading