500 internal server error

ဒီကောင်ကတော့ တော်တော်ဆိုးတဲ့ ကောင်လို့ ဆိုရမှာပါ။ ကျွန်တော်က ကောင်းမယ် ထင်တဲ့ plug in တွေ စမ်းသုံးကြည့်လိုက်၊ မကြိုက်ရင် ပြန်ဖြုတ်လိုက်၊ နောက်ပြီး CSS တွေပြင်လိုက်၊ PHP တွေ ပြင်လိုက်နဲ့ နေတာ။ ဒါတွေကလည်း မပြင်လို့ကို မဖြစ်ဘူး၊ ကျွန်တော်ရွေးလိုက်တဲ့ theme တွေကလည်း ပို့စ်တိုင်တယ်က ကြီးနေရတာနဲ့၊ ဆိုက်ဘားက ကျဉ်းနေရတာနဲ့၊ စာဂွင်က ကျဉ်းနေရတာနဲ့ဆိုတော့ ဒီလိုပဲ ပြင်နေရတာပေါ့။

ဒီလို နေလာခဲ့ရာကနေ တစ်ရက်မှာ ကျွန်တော့်ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်တော့ ဘလော့ဂ်က 500 internal server error ဆိုပြီး ဖြစ်နေတာ၊ သူလည်း fatal error လိုပဲ ဘာမှကို လုပ်လို့ မရတော့ဘူး။ ဒီတော့ server admin ကို အကြောင်းကြားရတော့ တာပေါ့။ ဒီလိုနဲ့ server admin က ပြင်ပေးလိုက်၊ ကျွန်တော်က ဖိုင်တွေကို လိုက်ကလိလိုက်၊ ပျက်သွားလိုက်၊ ပြန်ပြင်ပေးလိုက်၊ ပြန်ကလိလိုက်၊ ပျက်သွားလိုက် ဖြစ်နေတာ။ ဒီတော့မှ ကျွန်တော်လည်း CSS တွေ PHP တွေ ပြင်လိုက်တိုင်း ဘလော့ဂ်က 500 internal server error ဖြစ်နေတယ်ဆိုတာ သိလာတယ်။ တကယ်ဆို ပျက်စရာလား၊ ကျွန်တော်လည်း ဘာမှ မှားပြင်တာ မဟုတ်ဘူး၊ ခဏခဏ server admin ကို ပြောနေရတာလဲ အားနာလှပြီ၊ နောက်တော့ သူက ပြောတယ်။

ဘယ်လိုဖြစ်တာလဲ ညီ၊ ဘလော့ဂ်က .htaccess ဖိုင်မှာချည်းသွားသွား ပြင်နေရတယ်။ ဒီဖိုင်ကို ပြင်ချင်ရင်တော့ ftpကနေ သွားလို့ရပါတယ်။ CSSတွေ PHPတွ ပြင်လိုက်တိုင်း ဖြစ်နေတာဆိုတော့ plug in တစ်ခုခုကြောင့် ဖြစ်မယ်ထင်တယ်။ plug in တွေကို ပြန်စစ်ကြည့်လိုက်ပါဦး… တဲ့။

htaccess

ကျွန်တော်လည်း ဒီတော့မှပဲ .htaccess ဆိုတဲ့ဖိုင်ကို ကောင်းကောင်း မြင်ဖူးတော့တယ်။ ဒီဖိုင်ထဲက ကုတ်လေးတစ်လုံး စပေ့ဘားလေး တစ်ချက် မှားသွားတာနဲ့ ဘလော့ဂ်က 500 server error ဖြစ်သွားတာပါ။ (ဒီဖိုင်က wordpress ရဲ့ root ဖိုင်တစ်ခုပါ။ နောက်ပြီး wordpress security အတွက် ဒီဖိုင်ကနေ အများကြီး လုပ်လို့ရတယ် ဆိုတာ ကျွန်တော် ဖတ်ဖူးထားပါတယ်။ ဘယ်လိုတွေ လုပ်ရမယ် ဆိုတာတော့ လေ့လာနေတုန်းပါပဲ။) အခုက CSS တွေ PHP တွေ ပြင်လိုက်တိုင်း ဒီ wordpress အတွက် သိပ်အရေးကြီးတဲ့ ဖိုင်မှာမှ သွားသွားပြီး ပြဿနာတွေ ဖြစ်နေတာဆိုတော့ မသိရင် တစ်ခြား အက်ဒမင်တစ်ယောက်က ဝင်ပြင်နေသလိုပဲ၊ လက်လှမ်းမီသမျှ လိုက်မေးကြည့်တော့လည်း ဘာကြောင့်ဖြစ်နေတယ် ဆိုတာကို ဘယ်သူမှ မပြောပြနိုင်ဘူး။ ပထမဆုံး ဒီ .htaccess ဖိုင်ကို ဘယ်လို ပြင်လည်း ဆိုတော့ localhost/ wordpress ကနေ copy လုပ်ပြီး ထည့်ပေးလိုက်တာပေါ့။ ဒီလိုနဲ့ CSS တွေ PHP တွေ ပြင်လိုက်၊ .htaccess မှာ ဝင်ပြင်လိုက် လုပ်နေသေးတယ်။ နောက်တော့မှ မထူးပါဘူးဆိုပြီး ဆွဲထားတဲ့ plug in တွေထဲက တစ်ရက်ခြား တစ်ခါလောက် update လုပ်ခိုင်းနေတဲ့ SEO Ultimate နဲ့ သိပ်အသုံးမကျလောက်ဘူး ထင်တဲ့ plug in လေးငါးခုလောက်ကို delete လုပ်ပစ်လိုက်တယ်။ အခုချိန်ထိတော့ CSS တွေ PHP တွေ ဘယ်လိုပြင်ပြင် ဒီ 500 server error ထပ်မဖြစ်တော့ပါဘူး။

အတွေ့အကြုံအရ ရရှိလိုက်တဲ့ သင်ခန်းစာကတော့ မလိုအပ်ပဲ plug in တွေ အများကြီး သုံးတာ မကောင်းဘူးဆိုတာပါပဲ။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ plug in တွေ အများကြီး သုံးပေမယ့် CSS နဲ့ PHP တွေ ဘာမှ မပြင်တော့ ဘာပြဿနာမှ မဖြစ်ပါဘူး။ plug in တွေကြောင့် ဖြစ်ရတဲ့ နောက်ထပ် ပြဿနာတွေလည်း ရှိပါသေးတယ်။

  • ကျွန်တော် Blog ကို စလုပ်တုန်းက အခုလိုပဲ ဘာမှ မတတ်သေးဘူး … 🙂 ။

    အဲ့တုန်းက wordpress မှာ ခဏ ခဏ ရွာလည်တာပေါ့ …။

    Server Admin လည်း ကျွန်တော့် Site ကပဲ ခဏ ခဏ ဒေါင်းတတ်လွန်းလို့ တော်တော်

    စိတ်ပျက်လောက်တယ် ။ WordPress ကို စိတ်ဝင်စားပါတယ် ။

    အချိန်ရရင် ပြန်တော့ စမ်းဖြစ်ဦးမယ် ထင်ရတာပါပဲ ခင်ဗျာ …