ဂိမ်းတစ်ခုကို စွန့်လွတ်ခြင်း

ဒီနေ့ ၂ နှစ်ကျော်လုံးလုံး နေ့ရောညပါ မနားတမ်း ဆော့လာခဲ့တဲ့ ဂိမ်းတစ်ခုကို တခြားလူတစ်ယောက်ကို အပြီးအပိုင် ပေးပစ်လိုက်တယ်၊ လွယ်တော့မလွယ်ဘူး တော်တော်လေး အပင်ပန်းခံပြီး ကြိုးစားဆော့လာတာကို သူများကို ဒီအတိုင်း ပေးပစ်ပြီး ရုတ်တရက် ဖြတ်ဖို့ဆိုတာ၊ အတူတူဆော့နေကြတဲ့ friend တွေကိုလည်း အားနာတယ်၊ တခြားသူတွေလည်း အဖွဲ့ထဲက တဖြည်းဖြည်း အနားယူကုန်လို့ ကိုယ်လည်း စိတ်ကုန်လာတာလည်း ပါတယ်၊ စဆော့ကတည်းက ပျော်ရတယ်ဆိုတာ မရှိခဲ့ဘူး၊ ဘယ်ချိန်သူများတွေ ငါ့ကို လာတိုက်သွားမလဲလို့ ပူပန်နေရတာချည်းပဲ၊ ပြီးတော့ အချိန်တိုင်း စက္ကန့်တိုင်း လိုင်းပေါ်တက်နေနိုင်မှ တော်ကာကျတဲ့အမျိုး၊ COC လို ပျင်းချိန်မှ တက်ဆော့လို့ ရတာမျိုး မဟုတ်ဘူး၊ အစကတည်းက မလွယ်မှန်း သိသိနဲ့ ဆော့ခဲ့တာဆိုတော့လည်း ဖြတ်ဖို့က တော်တော်ခက်တယ်၊ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုကလည်း ခက်တာမှ ပိုအားသန်တာမျိုး။

တကယ်က ၂ နှစ်ဆိုတဲ့ အချိန်တစ်ခုအတွင်း တစ်ခုခုကို တစိုက်မတ်မတ်လေ့လာမယ်ဆိုရင် တော်တော်လေး ခရီးရောက်နေနိုင်တယ်၊ ဆုံးရှုံးသွားတဲ့ အချိန်တွေကို အရမ်းကြီးမဟုတ်ပေမယ့် တော်တော်လေးတော့ နှမျှောမိတယ်၊ ကိုယ်က ဂိမ်းဆော့တဲ့အမျိုး ဂိမ်းကြိုက်တဲ့ကောင် မဟုတ်ဘူးလေ၊ အရင်ကဆို ဘာကိုမှ မလေ့လာပဲ ဂိမ်းလောက်ပဲ ဆော့နေတဲ့လူတွေကို အရမ်းအမြင်ကပ်တာ၊ အခုက code တွေ တစ်ယောက်ထဲ လေ့လာရတာ နည်းနည်း ငြီးငွေ့လာလို့ အပျင်းပြေဆော့ရာကနေ တကယ်ပဲ စွဲလန်းသွားတာ၊ ကိုယ်ဘာတွေပြန်ရလိုက်လဲ တွေးကြည့်ရင်တော့ အရာရာမှာ team work က အရေးကြီးသလို တစ်ဦးချင်းစွမ်းရည်တွေလည်း မြင့်နေဖို့ လိုအပ်ကြောင်း၊ အရေးကြုံလာရင် ဘယ်သူ့ဆီကမှ အမြဲတမ်းအကူအညီ မရနိုင်တဲ့အကြောင်းနဲ့ ဂိမ်းတွေကို ပိုက်ဆံ(များများ) အကုန်ခံပြီး  တကယ်ဆော့နေတဲ့ လူတန်းစားတရပ်နဲ့ ထိတွေ့ရတဲ့ အတွေ့အကြုံ စတာတွေပါပဲ၊ ဒီဂိမ်းက လက်တွေ့ဘဝနဲ့တော့ တော်တော်လေး နီးစပ်ပါတယ်၊ ဒါပေမယ့် ဒါဟာ ဂိမ်းတစ်ခုပါ၊ ဒီအတွေးအခေါ်တွေလည်း ကိုယ်သိပြီးသားတွေရယ်။

အခုတော့ ဒါတွေအားလုံး ရပ်ဆိုင်းလိုက်ပါပြီ၊ နောက်ထပ် စွဲလန်းစေမယ့် ဂိမ်းမျိုး ဘာဂိမ်းမှ မတော့တော့ဘူး။ စာတွေ ပြန်ဖတ်မယ်၊ အိပ်ရေးဝအောင် ပြန်အိပ်မယ်၊ code တွေ ပြန်ရေးမယ်၊ လောလောဆယ် ဒီလို စိတ်ကူးမိတာပါပဲ။

photo by google search