ကိုယ့်ကိုယ်ကိုတော့ သိပါတယ်

Awareness သင်တန်း တက်ခဲ့တုန်းက ဒီခေါင်းစဉ်နဲ့ ညညဆို သင်တန်းသားတွေက ကိုယ့်ဘဝအကြောင်း အားတက်စရာ အားငယ်စရာ သိမ်ငယ်စရာ ဘာပဲဖြစ်ဖြစ် ဆယ်မိနစ်လောက်စီ ပြောကြရတယ်၊ ကိုယ်အကြောက်ဆုံးက အဲဒါပဲ၊ လူတစ်ယောက်က အများရှေ့မှာ ကိုယ့်အကြောင်း ကိုယ့်ခံစားချက်ကို အလိုမတူပဲ ပြောဖို့ဆိုတာ တော်တော်နဲ့ မလွယ်ကူဘူး မဟုတ်လား။

ဒါပေမယ့် အဲတုန်းက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး အဆင်ပြေသလို ပြောခဲ့တယ်၊ ဘဝမှာ ဘာမှပင်ပင်ပန်းပန်း မကြိုးစားခဲ့ရသလို မရုန်းကန်ခဲ့ရသလို အေးအေးဆေးဆေး သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းခဲ့သလိုမျိုး ပြောခဲ့တယ်။ ပြောရရင် လိမ်ညာခဲ့တာပေါ့၊ တကယ်က ကိုယ်ဟာ ဘဝမှာ ကိုယ့်လောက်ဆိုးတဲ့ လူတောင် မရှိဘူးဆိုတဲ့ စိတ်ခံစားမမျိုး(မကြာခဏ) ရှိတတ်တယ်၊ ဒါပေမယ့် ကိုယ့်ဘဝအကြောင်းကို အတတ်နိုင်ဆုံး မေ့ထားလေ့ရှိပြီး ပျော်နေသလို ဘာမှမဖြစ်သလို အဆင်ပြေနေသလို အေးဆေးသလို ဟန်ဆောင်နေလာတတ်တာ ကြာပြီလေ၊ ဒီလိုနေတာ ကြာတော့လည်း လူတွေက ကိုယ့်အပေါ် ကိုယ့်ခံစားချက်အပေါ် နားမလည်တာ အဆန်းတော့ မဟုတ်ဘူးပေါ့။Continue Reading

လတ်တလော

Ubuntu သုံးလာတာ နှစ် နှစ်​ကျော်လာပြီ၊ ဘာကိုမှ ဟုတ်တိပတ်တိ မလေ့လာဖြစ်သလို ဘာမှလည်း မလုပ်တတ်ဘူး၊ ကိုယ့် desktop sidebar မှာ တင်ထားတဲ့ GIMP Image Editor, Audacity, Scribus, OpenShop Video Editor, Inkscape Vector Graphics Editor အဲဒါတွေကိုတောင်မှ တစ်ခုမှ မသုံးတတ်ဘူး၊ အနည်းဆုံး Libre Office Suit လောက်တော့ သုံးတတ်သင့်တယ်၊ ဒါပေမယ့် ကိုယ်က ဘာဆိုဘာမှကို မတတ်တာ၊ ခက်တာက အမြဲတမ်းလိုလို ကိုယ်က ဘာမှမတတ်သူက ဘာမှမသိသူကို ဆရာလုပ် သင်ပြရတဲ့အ​ခြေအနေမျိုး ကြုံရတယ်၊ သင်ပေးရတာကတော့ Windows မှာပေါ့၊ Windows လည်း ကိုယ်က ကောင်းကောင်း မသုံးဖူးဘူးရယ်၊ မသုံးဖူးဘူး ဆိုတာထက် software အသုံးပြုရတာ စိတ်မပါတာ၊ စိတ်မပါတော့ မလေ့လာဖြစ်၊ မလေ့လာဖြစ်တော့ မတတ်၊ မတတ်တော့ ကိုယ့်ကိုယ်ကို အားမရ ဖြစ်နေတာ။Continue Reading

နောက်ဆုံးတော့ ကျွန်တော်ရယ် စာအုပ်တွေရယ်

စာကို အာရုံစိုက်ပြီး မဖတ်ဖြစ်တာ တော်တော်ကြာပြီ၊ လိုင်း​ပေါ်မှာလည်း စာသေချာဖတ်တတ်တဲ့ အလေ့အကျင့် မရှိတော့ တစ်ခါခါ စာဖတ်ချင်ပေမယ့် ဖတ်စရာ စာမရှိသလို ခံစားရလို့ တောင်ကြီးက မီလျှံနာကို သွားပြီး စာအုပ်တစ်ချို့ သွားဝယ်ဖြစ်ခဲ့တယ်၊ ဒါတောင် တော်တော်နဲ့ မဖတ်ဖြစ်ဘူး၊ စာအုပ်ကိုင်ရမှာကို ပျင်းစရာကြီးလို၊ ပင်ပန်းတဲ့ အလုပ်တစ်ခု မလုပ်ချင်ပဲ လုပ်ရတော့မလို ဖြစ်နေတော့တာ၊ စာမဖတ်တာ ကြာလာတော့ စာကစာ ဘဝက ဘဝ သည်လို ထင်ချင်တတ်လာတယ်၊ မှန်တယ် မှားတယ် မ​​ပြောလိုပါဘူး၊ လူ့စိတ်ဆိုတာမျိုးက လက်ရှိခံစားချက်သည်သာ အမှန်လို့ ထင်နေတတ်ကြတယ် မဟုတ်လား။Continue Reading

ကိုယ်နှင့် သိမ်ငယ်စိတ်

မျှော်လင့်ခြင်းတွေ တစ်ခုပြီးတစ်ခု ကြွေကျ ပျက်စီးခံရတာကနေ ဘဝထဲကို သိမ်ငယ်စိတ်ဆိုတာ တဖြေးဖြေးဝင်ရောက်လာတယ်၊ ကြာလာတာနဲ့အမျှ ဒီစိတ်က ကိုယ့်ခန္ဓာကိုယ်ကို သူ့အိမ်လို သဘောထားလာတယ်၊ တစ်စုံတစ်ခု ကြိုးစားနေရင်းနဲ့တောင် ဒါလုပ်နေလို့ ဘာထူးလာမှာမို့လဲ ဆိုတာမျိုးနဲ့ ကိုယ့်လက်ရှိ ကောင်းတဲ့ လုပ်ဆောင်ချက်တွေကိုတောင်မှ အနှောင့်အယှက် ပေးတဲ့အထိ ဖြစ်ဖြစ်လာတယ်၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်ကိုပါ ဆွဲချတယ်၊ ဒီလိုအ​ခြေအနေနဲ့ မျှင်မျှင်လေး ရှင်သန်နေသူတစ်ယောက်ဟာ တစ်ခါတရံမှာ ပတ်ဝန်းကျင် သို့မဟုတ် ကိုယ်အလေးထားသူတွေနဲ့ အဆင်မပြေတာလေးနည်းနည်း ဖြစ်တာနဲ့ သိမ်ငယ်စိတ်က အလွယ်တကူ ဝင်ရောက်လာရော​​။Continue Reading

ဂိမ်းတစ်ခုကို စွန့်လွတ်ခြင်း

ဒီနေ့ ၂ နှစ်ကျော်လုံးလုံး နေ့ရောညပါ မနားတမ်း ဆော့လာခဲ့တဲ့ ဂိမ်းတစ်ခုကို တခြားလူတစ်ယောက်ကို အပြီးအပိုင် ပေးပစ်လိုက်တယ်၊ လွယ်တော့မလွယ်ဘူး တော်တော်လေး အပင်ပန်းခံပြီး ကြိုးစားဆော့လာတာကို သူများကို ဒီအတိုင်း ပေးပစ်ပြီး ရုတ်တရက် ဖြတ်ဖို့ဆိုတာ၊ အတူတူဆော့နေကြတဲ့ friend တွေကိုလည်း အားနာတယ်၊ တခြားသူတွေလည်း အဖွဲ့ထဲက တဖြည်းဖြည်း အနားယူကုန်လို့ ကိုယ်လည်း စိတ်ကုန်လာတာလည်း ပါတယ်၊ စဆော့ကတည်းက ပျော်ရတယ်ဆိုတာ မရှိခဲ့ဘူး၊ ဘယ်ချိန်သူများတွေ ငါ့ကို လာတိုက်သွားမလဲလို့ ပူပန်နေရတာချည်းပဲ၊ ပြီးတော့ အချိန်တိုင်း စက္ကန့်တိုင်း လိုင်းပေါ်တက်နေနိုင်မှ တော်ကာကျတဲ့အမျိုး၊ COC လို ပျင်းချိန်မှ တက်ဆော့လို့ ရတာမျိုး မဟုတ်ဘူး၊ အစကတည်းက မလွယ်မှန်း သိသိနဲ့ ဆော့ခဲ့တာဆိုတော့လည်း ဖြတ်ဖို့က တော်တော်ခက်တယ်၊ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုကလည်း ခက်တာမှ ပိုအားသန်တာမျိုး။Continue Reading