၁၊ ဇန်နဝါရီ၊ ၂၀၁၇

လွန်ခဲ့တဲ့ ၁.၁.၂၀၀၇ ကနေ ပြန်ရေတွက်ရင် ၁၀နှစ်တိတိ ကြာမြင့်ခဲ့ပြီ၊ ထုံးစံအတိုင်း ထူးထူးခြားခြား မှတ်မိနေတာ (အမှတ်ရစရာ) ဘာမှမရှိဘူး၊ ပြောချင်တာက ပျော်စရာတွေ မရှိခဲ့တဲ့အတွက် ခုချိန်မှာ လွမ်းမောစရာတွေ ရှိမနေဘူး၊ နောက်ပြီး နာကျင်စရာတွေ မရှိသလိုနေခဲ့တော့ ရင်မောစရာတွေ ပြန်တွေးနေမိတာမျိုးလည်း ရှိမနေဘူးလို့။ ဒီ ၁၀နှစ်တာကို ကိုယ်ဘယ်လို ဖြတ်သန်းခဲ့လဲ တိတိကျကျ ပြန်တွေးဖို့ ခက်တယ်၊ သေချာတာကတော့ အာရုံကျရာ လျှောက်လုပ်ရင်း အဆင်ပြေမှု မပြေမှု လှိုင်းတွေထဲ လှည့်ပတ်ကူးခတ်ရင်း မေ့မေ့လျော့လျော့နေခဲ့တာပါပဲ။Continue Reading

၃၁၊ ဒီဇင်ဘာ၊ ၂၀၁၆

ဘဝတစ်လျှောက်လုံးမှာ လွမ်းစရာကောင်းလောက်တဲ့ နာကျင်စရာတွေ မရှိခဲ့သလို၊ နာကျင်စရာကောင်းလောက်တဲ့ လွမ်းမောစရာမျိုးတွေလည်း မရှိခဲ့ဘူးလို့ ခံယူထားတယ်။ အချိန်နဲ့အတူ အရာရာကို အလွယ်တကူ မေ့ပစ်ထားတတ်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ စိတ်ရဲ့ အတွင်းပိုင်းမှာ ငုတ်နေတဲ့ ခံစားချက်မျိုးအထိတော့ ခုချိန်မှာ ပြောလိုစိတ် မရှိသေးတာ အသေအချာပဲ။Continue Reading

ရသပျောက်ဆုံးခြင်း

လူတစ်ယောက်ရဲ့ ဘဝမှာ ဘယ်အရာတွေက အရေးအကြီးဆုံးလဲ စိတ်မဝင်စားပါဘူး၊ လူတိုင်းလူတိုင်းဟာ သူ့အကြောင်းနဲ့သူ အရေးကြီးနေနိုင်တာပဲလို့ ခံယူထားချက်ကြောင့်ပဲ ဖြစ်တယ်။ ကျွန်တော့်ဘဝမှာလည်း အရေးကြီးတာတွေအများကြီး ရှိခဲ့တာပါပဲ။ အဲဒီထဲကမှ ရသဆိုတာလေးကို နည်းနည်းလောက်တော့ ပြောချင်နေမိတယ်။Continue Reading

ဒိုင်ယာရီ ၁

စာမရေးဖြစ်တာ တစ်နှစ်ကျော်သွားပြီ၊ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဘေလ် ငါးထောင်ကုန်တိုင်း ပို့စ်တစ်ပုဒ်ရေးမယ် လို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပြီးတဲ့ နောက်မှာပဲ လုံးဝမရေးဖြစ်ပဲ တစ်နှစ်ကျော်ကြာသွားတယ်၊ မရေးဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပေါ့ဗျာ၊ ကျန်းမာရေးကအစ အများကြီးလို့ ပြောလို့ရပါတယ်၊ ကျန်းမာရေး သိပ်မကောင်းတော့ စိတ်ဓာတ်တွေက အပိုင်းပိုင်းကျ၊ ဦးနှောက်တွေက မကြည်မလင်နဲ့ ဘာကိုမှ မလုပ်ချင် မကိုင်ချင် ဖြစ်နေတာပေါ့၊ ဒီလိုနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ပဲ နှစ်တစ်နှစ်ကုန်ဆုံးသွားတယ် ဆိုပါတော့။Continue Reading

ငါးထောင်တန် ပို့စ်

ဘလော့ဂ်ရေးတာ ကြာလာတာနဲ့အမျှ တန်ဖိုးမရှိတဲ့ စာမျိုးတွေ မရေးချင်တော့ဘူး လို့ ကိုစေတန်က သူ့ဘလော့ဂ်မှာ ရေးထားတာ ဖတ်ဖူးသလားပဲ၊ ကျွန်တော့် အဖြစ်ကတော့ ကြာလေ ဘာရေးရမှန်း မသိလေလေနဲ့၊ ကြာလေ တန်ဖိုးမဲ့တာတွေပဲ ရေးနေမိသလား မသိပါဘူး။ သည်လိုနဲ့ ကိုယ်ရေးတဲ့ စာလေး တန်းဖိုးလေး ဘာလေး နည်းနည်း ဖြစ်ဖြစ် တက်လိုတက်ငြား ဒီလိုလေးပဲ နာမည်ပေးလိုက်ရတာပါ။

Continue Reading