နှစ်ကာလများ ဖြတ်သန်းလွန်မြောက်ပြီးနောက်

(၁)

မြင်နေရတာတွေရော ကြားနေရတာတွေပါ အချိုးချကြည့်ရင်တော့ အကောင်းဘက်ကို ဦးတည်လာနေ တယ်လို့ ယေဘုယျ ကောက်ချက် ဆွဲရမှာပါ။ အားမရတဲ့ အပိုင်းတွေ၊ ပြင်ဆင်ရမယ့် အပိုင်းတွေကတော့ နေရတကာမှာ ရှိနေဦးမှာပါ။ ပြီးပြည့်စုံတဲ့ စနစ် သို့မဟုတ် အခြေအနေတစ်ရပ် ရယ်လို့ ရှိမှ မရှိနိုင်တာပဲ။ ပိုကောင်းလာနိုင်မယ့် အခြေအနေကို မျှော်ကိုးရင်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြင်ဆင် နေထိုင်ရတာ ဘဝပဲလို့ ကျွန်တော်တို့ လက်ခံထားကြတာပဲ မဟုတ်လား။ တစ်ဦးချင်းဆီရဲ့ အရည်အချင်းကနေ အဖွဲ့အစည်းတစ်ခု၊ ထိုမှ၊ အဖွဲ့အစည်းများစွာရဲ့ ဝိုင်းဝန်း လုပ်ဆောင်နိုင်မှုဟာ နိုင်ငံ တစ်နိုင်ငံရဲ့ အတက်အကျ ဆိုတဲ့ ပုံရိပ်တွေကို ဖြစ်စေတယ် ဆိုတာ ဒီနေ့ အားလုံး လက်ခံထားကြတဲ့ အမှန်တရား တစ်ခုပေါ့။ အပြောင်းအလဲ နှင့်အတူ အခွင့်အလမ်း ဆိုတာတွေကတော့ ကျွန်တော်တို့ကို ဘယ်လောက် ပြင်ဆင်ထားလဲ ဒါမှမဟုတ် ဘာတွေ ပြင်ဆင်နေလဲဆိုတဲ့ မေးခွန်းတွေ မေးနေသလိုပါပဲ။

Continue Reading

ရသမှသည်သုတသို့၊ သုတမှသည်ရသသို့

“တကယ်တော့ ရသကို ဖတ်လိုက်ရမှ ကိုယ့်ကိုယ်ကို ကျေနပ်ပြည့်စုံသွားတယ်”
“ဟုတ်တယ်ဗျ၊ သုတဆိုတာတွေက ဆူလွယ်နပ်လွယ် ပြီးပြီးပျောက်ပျောက်ပဲ”

ဒါကတော့ ကျွန်တော့်ရဲ့ စာပေချစ်သူ မိတ်ဆွေနှစ်ယောက် ပြောဆိုနေကြတာတွေပါ၊ အဲဒီနေ့က ကျွန်တော်တို့ စာအကြောင်း ပေအကြောင်း၊ ကိုယ်သိတဲ့ စာရေးဆရာတွေ အကြောင်း တော်တော်များများ ပြောဖြစ်လိုက်ကြတယ်။ လူဆိုတာ ဒီလိုပဲလေ သန်ရာသန်ရာ အုပ်စုလေးဖွဲ့မိရင် စကားလုံး ရေအလျဉ်တွေက အဆက်မပြတ် စီးဆင်းတတ် ကြတာပဲပေါ့၊ ကဗျာရူးသွပ်သူချင်းတွေ့ရင် ကဗျာအကြောင်း ငြင်းခုံကြ၊ ဆွေးနွေးကြမယ်၊ ဂီတသမားချင်းတွေ့ရင် ဂီတအကြောင်း ရင်ခုုန်ကြမယ်၊ စီးပွားရေးသမားချင်းတွေ့ရင် သူတို့စကား အများစုဟာ စီးပွားရေးအကြောင်းပဲ ဖြစ်ဖို့များမယ်၊ ဒါ ထူးထွေဆန်းပြားတဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် အခုခေတ်က ဗဟုဝါဒခေတ်ဆိုတော့ ဘယ်သူမဆိုဟာ လုံးဝသီးခြားချည်းတော့ ဘယ်ဟုတ်မလဲဗျာ၊ ဆိုင်ရာဆိုင်ရာ မကင်းရာ မကင်းကြောင်းလေး တွေတော့ ပါကြတာချည်းပဲပေါ့၊ ဒါကတော့ (နည်းနည်းပါးပါး လူအထင်ကြီးအောင် ပြောရရင်) Theory of Convergence ဆိုတဲ့ ပေါင်းဆုံခြင်း သီဝရီအရပေါ့၊ အရောအစပ် အနည်းအကျဉ်းတော့ မရှိမဖြစ် ရှိရမှာပေါ့၊ ဟုတ်ဘူးလားဗျာ။Continue Reading

စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း

ယနေ့ခေတ်ကို နိုင်ငံရေး သိပ္ပံပညာရှင်များက post-ideology era (စိတ်ကူးလွန်ခေတ်) ဟု ခေါ်ဆိုကြသည် ဟုဆိုသည်။ ဆိုလိုသည်မှာ အိုင်ဒီယိုလိုဂျီကို နိုင်ငံရေးနှင့်တကွ နယ်ပယ် တော်တော်များများ၌ အသုံးမပြုကြတော့သည့် သဘောပင်။ စစ်အေးခေတ်သည် အိုင်ဒီယိုလိုဂျီခေတ် ဖြစ်သည်။ ယင်းခေတ်တွင် စူပါပါဝါ နှစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်တို့ ဆိုရှယ်လစ်နှင့် အရင်းရှင် အိုင်ဒီယိုလိုဂျီချင်း အားပြိုင်ကြရာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသောကြောင့် အရင်းရှင် အိုင်ဒီယိုလိုဂျီနှင့် ဆိုရှယ်လစ် အိုင်ဒီယိုလိုဂျီကိစ္စ နိဂုံးချုပ်သွားခဲ့သည် ဟုဆိုသည်၊ သို့သော်လည်း ၎င်းအယူအဆနှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားနေ ကြဆဲပင်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်စဉ်က ရီပတ်ပလီကင် သမ္မတလောင်း ဂျွန်မက်ကိန်းက အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးစစ်ပွဲ ဆိုသည်မှာ အိုင်ဒီယိုလိုဂျီစစ်ပွဲဟု သုံးနှုန်းခဲ့သည်။ အမေရိကန်သည် အစွန်းရောက် အစ္စလမ်ဝါဒီနှင့် တိုက်ခိုက်ရသောကြောင့် အမေရိကန်နှင့် အစွန်းရောက် အစ္စလမ်ဝါဒီတို့ အိုင်ဒီယိုလိုဂျီချင်း ပဋိပက္ခ ဖြစ်ကြရသည်၊ ဤကိစ္စကို ထောက်ပြ၍ တစ်ချို့ပညာရှင်တို့က အိုင်ဒီယိုလိုဂျီ ပဋိပက္ခသည် တခြားသော မျက်နှာဖုံးဖြင့် ထပ်မံပေါ်ပေါက်လာသည်ဟု ဆိုကြသည်။

Continue Reading

ကျွန်တော်နှင့် ခေတ်ပေါ်ကဗျာ

စကားစပ်စပ် မစပ်စပ်ပေါ့၊ ခင်ဗျားဟာ မဂ္ဂဇင်းတစ်အုပ်ကို ကြုံကြိုက်လို့ပဲ ဖြစ်ဖြစ်၊ တမင်ဝယ်လာလို့ပဲ ဖြစ်ဖြစ်၊ ဆိုင်က ငှားလာတာမျိုးပဲ ဖြစ်ဖြစ်၊ အခြေအနေအရ ဖတ်ရတော့မယ် ဆိုပါစို့၊ ခင်ဗျား ဘယ်ဟာကို အရင်ဖတ်သလဲ၊ ကျွန်တော်မသိပါ၊ ထိုသို့ မသိသောကြောင့် ခင်ဗျားအကြောင်းကို ကျွန်တော် ပြောဆိုမည် မဟုတ်ပါ။ ကျွန်တော့် အကြောင်းကိုသာ ကျွန်တော် ပြောဆိုပါမည်၊ ကျေးဇူးတင်ပါသည်။

ကျွန်တော်ပြောချင်တာကို ကျွန်တော်ပြောရမည်ဆိုလျှင်၊ ပထမဆုံး “ကဗျာ” ဟုခေါ်သော စာကြောင်းရေ အနည်းငယ်သာ ပါဝင်သည့် စာပိုဒ်များကို စိတ်ဝင်တစား ဖတ်ပါသည်။ အရှိန်နှင့်ပြေးနေသော speed ခေတ်ကြီးတွင် ထိုspeedကို မီအောင်ပြေးလိုက်နေရသော လူငယ်တစ်ယောက်အဖို့၊ စာပိုဒ်အရှည်ကြီးများ၊ စာအုပ် အထူကြီးများကို ဖတ်ဖို့ရာ တစ်ခါတစ်ရံမှသာ အဆင်ပြေနိုင်သောကြောင့် အဆိုပါ စာကြောင်းရေ အနည်းငယ်ကိုသာ ပထမဆုံး ဖတ်ခြင်းသည် သဘာဝကျသည်ဟု ထင်ပါသည်။ ထို့ကြောင့် ကဗျာကို ဦးစွာ ဖတ်ပါသည်။

Continue Reading