visual editor အသုံးပြု၍ မရခြင်း

visual

ခင်ဗျားတို့လည်း အားလုံးသိပြီးသားပါ။ ကျွန်တော်တို့ wordpress ဘလောဂ်တွေမှာ ပို့စ်တွေ တင်တဲ့အခါ html နှင့်ရော visual နှင့်ပါ ကြိုက်သလို တင်လို့ ရတယ်လေ။ ဒါပေမယ့် ကျွန်တော့်မှာတော့ ဘာကြောင့် ဘယ်လို ဖြစ်လဲ မသိပါဘူးဗျာ။ အဲဒီ ပြဿနာ ဖြစ်နေတာတော့ တော်တော် ကြာပါပြီ၊ ပို့စ်တင်တိုင်း html နဲ့ ချည်းပဲ ရေးပြီး တင်နေရတာ။ ပြဿနာက အကြီးကြီး မဟုတ်ပေမယ့် စာပိုဒ်တိုင်းမှာ ကုတ်တွေပါ လိုက်ရေးထည့်နေရတော့ အချိန်ကြာတာပေါ့။

profile ထဲမှာလည်း Disable the visual editor when writing မှာ အမှန်ခြစ် ဖြုတ်ထားတာပဲ၊ ဘာကြောင့် ဖြစ်တာမှန်း မသိဘူး။ ပထမတော့ ဒီပြဿနာ တစ်ခုထဲ မှတ်နေတာ၊ နောက်တော့မှ add an image ဆိုတာလည်း သုံးလို့မရဘူး ဖြစ်နေတာ တွေ့ရတယ်။ သုံးလို့မရဘူး ဆိုတာက ကလစ်ချလို့ မရတာပါ၊ ပုံတော့ ပေါ်နေတာပဲ၊ ဒါပေမယ့် ကလစ်ချလိုက်ရင် ဘာမှ အလုပ် မလုပ်ဘူး။

အရင်က ဒီပြဿနာကို ဘယ်လို ဖြေရှင်းလည်း ဆိုတော့ ပို့စ်တင်မယ်လုပ်တိုင်း plug in လေးငါးခုလောက်ကို deactivate လုပ်ထားလိုက်တယ်။ နောက် visual နဲ့ရော html နဲ့ပါ ပို့စ်တွေကို စိတ်ကြိုက် ပြင်ပြီး တင်ပါတယ်။ ပို့စ်တင်ပြီးတော့မှ plug in တွေကို activate ပြန်လုပ်လိုက်ပါတယ်။ ထူးတော့ မထူးပါဘူး၊ ဒါလည်း အချိန်ကြာ၊ အလုပ်ရှုပ်တာပါပဲ။

visitorခုတော့ သိသွားပါပြီ၊ ဘယ်ကောင်ကြောင့်ဆိုတာ၊ visitor like/ dislike ဆိုတဲ့ ပလပ်အင်ကြောင့် ဖြစ်နေတာကိုး၊ ခင်ဗျားတို့လည်း ပလပ်အင်တွေ သုံးရင် ဆင်ဆင်ခြင်ခြင် သုံးကြပေါ့ဗျာ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော့်လို ပြဿနာမျိုး မကြုံတွေ့စေချင်လို့ပါ။

  • အင်ပလပ်ကို မသုံးတော့ပါဘူး…ခုလို တင်ပြပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။
    နောက်လည်း သိမှတ်စရာလေးတွေ ပြောပြပါဦးနော်။

  • ကျေးဇူးတင်ပါတယ်ခင်မျာ
    ကျွန်တော်အသုံးတည့်သွားလို့ပါ……..
    နေနော်လင်း

  • နည်းပညာလေး မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ရှင်
    လာလည်ရင်း ဖတ်ရူမှတ်သားသွားပါကြောင်း
    ဒီထက်မက ရေးသားနိုင်ပါစေရှင်