how to add comment avatar

wordpress သုံးတဲ့လူ တော်တော်များများက gravatar.com မှာ register လုပ်ပြီး ပုံလေး တစ်ပုံလောက် သွားထည့်ထားလေ့ ရှိတယ်။ ဒါမှ တစ်ယောက်နဲ့ တစ်ယောက် မှတ်ချက်တွေ ပေးကြတဲ့အခါ ပုံလေးတွေ ကိုယ်စီနဲ့ ပိုလှသွားတာပေါ့။ ဒါတွေက အားလုံး သိပြီးသားမို့ ခုလို ပြောနေတာတောင် ရှည်တယ်လို့ ထင်ကြမှာပါ။ သိပြီးသူများ ခွင့်လွတ်ပေး ကြပါ ခင်ဗျာ။

avatar2

ပြဿနာလို့ပဲ ပြောရမလား မသိ၊ ကျွန်တော်သုံးနေတဲ့ theme မှာ commenter တွေရဲ့ avatar ပုံတွေက မပေါ်ဘူး၊ နာမည်ပဲ ပေါ်တယ်၊ သူများ ဆိုက်တွေမှာ ပေါ်ပြီး ကိုယ့်ဆိုက်မှာ မပေါ်တော့ တစ်ခုခု လိုနေတာပေါ့၊ ဒါနဲ့ အဲဒီ avatar တွေပေါ်အောင် plug in တွေ သုံးပြီး လုပ်တယ်၊ သုံးလေးငါးခုလောက် တစ်ခုပြီး တစ်ခု လိုက်သုံး ကြည့်တယ်။ ပေါ်တော့ ပေါ်ပါတယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ comment box ပုံစံကိုပါ ပြောင်းပစ်လိုက်တာမျိုး၊ နောက် တစ်ခုခုက အဆင်မပြေ တာမျိုး တွေချည်း ဖြစ်နေတယ်။ ဒါနဲ့ ကိုယ့်ဟာကို php code ရှာထည့်ပြီး လုပ်ဖြစ်သွားတယ်၊ theme အများစု (အားလုံးလိုလို) မှာတော့ avatar က ပါပြီးသား ဖြစ်ပါတယ်။ Settings>Discussion ထဲက Show Avatars ဆိုတာကို ရွေးပေးထားရုံပါပဲ။

တကယ်လို့များ ကျွန်တော့်လို ကံဆိုးပြီး avatar ပုံမပေါ်တဲ့ theme ကိုမှ နှစ်ခြိုက်မိတယ်၊ plug in တွေလည်း မသုံးချင်ဘူး ဆိုတဲ့ လူတွေ အတွက်ပေါ့၊ (တကယ်တော့လည်း avatar လေး ပေါ်ဖို့အတွက် plug in တစ်ခုလုံး ဆွဲထည့်ရတယ်ဆိုတာ ညံ့လွန်းရာ ကျပါတယ်) ကဲ လုပ်ကြည့်လိုက်ရအောင်

avatar

Appearance> Themes> Editor> ကိုဖွင့်၊ ညာဘက် php file တွေအများကြီး ထဲမှာ comment.php ဆိုတာကို ထပ်ဖွင့်ပြီး <cite><?php comment_author_link() ?></cite> ဆိုတာကို ရှာပါ၊ သူ့ရဲ့ ရှေ့မှာ <?php echo get_avatar($comment,’50’,” ); ?> ဆိုတာကို ထည့်ပေးလိုက်ရုံပါပဲ၊ အဲဒီကုတ်မှာ 50ဆိုတာက avatar size ဖြစ်ပါတယ်။

ကျွန်တော့်မှာတော့ <cite></cite> ကို မတွေ့ဘူး၊ <?php comment_author_link() ?> ကိုပဲ တွေ့တယ်၊ ဒါနဲ့ <cite></cite>  ရဲ့ကြားမှာ <?php comment_author_link() ?> ကိုထည့်ပြီး <?php echo get_avatar($comment,’50’,” ); ?> ကိုရှေ့မှာ ထည့်လိုက်တာ အဆင်ပြေသွားပါတယ်၊ ဒါဆိုရင် ပြီးပါပြီ၊ CSS ကို သုံးစရာလိုသေးရင်တော့…၊

[css].commentlist li .avatar {
float:left;
background: #fff;
border: 1px solid #bbb;
padding:5px; margin: 0px 15px 0px 5px; }[/css]

ဒီလို css ကုတ်တွေမှာ သင့်သလို ပြင်ပေးလိုက်ပါ။

ကျွန်တော် သင်ယူတဲ့ ဆိုက်ကတော့ http://www.dyers.org/blog/archives/2008/05/21/how-to-add-avatars-to-your-wordpress-25-theme ဖြစ်ပါတယ်။

  • hninthirichaw

    wordpress စဖတ်ရင် nyiminkha ရဲ့ ဘယ် post က အရင်စဖတ်ရမလဲ