how to add facebook comment (without plug in)

ကျွန်တော့် ဘလော့ဂ်ကို လာဖတ်တဲ့ အစ်မတစ်ယောက်က ပြောတယ်၊ “ငါက ဒီလို ကွိစိ ကွစတွေ ထည့်နေရတာ ပျင်းတယ်၊ မှတ်ချက်လည်း မရေးချင်တော့ဘူး” တဲ့၊ ကျွန်တော်တို့ wp ဘလော့ဂ်တွေမှာ မှတ်ချက်ရေးတဲ့အခါ နာမည်တွေ အီးမေးလ်တွေ ဝက်ဘ်ဆိုက်တွေ ထည့်နေရတာကို ပြောတာပါ၊ ကျွန်တော်က “ဒါဆိုလည်း ဖေ့ဘွတ်ကွန်းမန့် ထည့်ထားလိုက်မယ်လေ” လို့ ပြန်ပြောဖြစ် လိုက်တယ်၊ ဒါကြောင့်ပဲ ဖေ့ဘွတ်ကွန်းမန့်ကို ထည့်ဖြစ်သွားတာပါ။

အရင်ကတော့ တစ်ချို့တွေ ထည့်ထားတာ တွေ့ပေမယ့် ကျွန်တော် ထည့်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး၊ လိုက်ဖတ်ဖြစ်တဲ့ ဘလော့ဂ် တစ်ချို့မှာတော့ facebook comment သာမက twitter follow ပါ ထည့်ထား ကြပါတယ်၊ မှတ်ချက်တွေလည်း ရာနဲ့ချီနေတာပါပဲ၊ ကျွန်တော်တို့ဆီမှာတော့ လောလောဆယ်မှာ ဖေ့ဘွတ်မှ မသုံးရင် လူစဉ်မမီဘူးလို ဖြစ်နေတော့ ဖေ့ဘွတ်သုံးတဲ့ သူတိုင်း အလွယ်တကူ မှတ်ချက်ပေးနိုင်အောင်လို့ပါ။

ဒီလို ထည့်ချင်သူတွေ ထဲကမှ မထည့်တတ်သူတွေ အတွက်ပေါ့၊ facebook comment plug in တွေ ရှိပေမယ့်၊ ကျွန်တော်ကတော့ php file တွေထဲကို ကုတ်လေးတွေ သွားထည့်ပြီး သုံးတဲ့နည်းကို ဝေမျှပေးချင်ပါတယ်၊ ဒါက ပလပ်အင် သုံးတာထက်လည်း ပိုပြီးလွယ်ကူပါတယ်၊ ကဲ စလိုက်ရအောင်….

၁။ ပထမဆုံး ဖေ့ဘွတ်ကို ဝင်ထားရပါမယ်၊ ပြီးရင် https://developers.facebook.com/apps ကိုသွားပြီး Create New App ဆိုတာကို နှိပ်လိုက်ရင် အောက်က ပုံလို တွေ့ရမှာပါ။

ဒီပုံလိုနေရာမှာ  App Display Name မှာ နာမည်တစ်ခုခု ထည့်ပြီး၊ I agree ကို အမှန်ခြစ်ထည့်ကာ၊ Continue ကို နှိပ်ပါ။

၂။ အနေနဲ့ https://developers.facebook.com/docs/reference/plugins/comments ကို သွားပါ၊ ပြီးရင် ပုံထဲကအတိုင်း ဘာမှ မလုပ်ပဲ

Get Code နှိပ်ပါ။ ဒါဆိုရင် အောက်က ပုံလိုမြင်ရမှာပါ၊

အဲဒီမှာ ကုတ်နှစ်မျိုး ရှိပါတယ်၊ အပေါ်က ကုတ်တွေကို ကူးပြီး header.php ရဲ့ <body> နောက်မှာ သွားထည့်ပေးပါ၊ ဒါပေမယ့် ကျွန်တော့်မှာတော့

[php]<title>
<?php bloginfo(‘name’); ?>
<?php wp_title(); ?>
</title>[/php]

ဆိုတာရဲ့နောက်မှာ ထည့်ထားပါတယ်။ အောက်က ကုတ်တွေကိုတော့ comments.php ထဲမှာ အဆင်ပြေသလို ပေါ်စေချင်တဲ့ နေရာမှာ ကြည့်ထည့်ပေးရပါမယ်၊ လုပ်စရာ တစ်ခု ရှိပါသေးတယ်။

[php]<div data-href="http://example.com" data-num-posts="2" data-width="470"></div>[/php]

ဒီကုတ်ရဲ့ အထဲက http://example.com ဆိုတဲ့ နေရာမှာ <?php the_permalink() ?> ဆိုတာကို ပြောင်းထည့် ပေးလိုက်ပါ၊ ကိုယ်ကြိုက်သလောက် ကွန်းမန့်ပို့စ် အရေအတွက်ကို data-num-posts=”2″ မှာ သတ်မှတ်နိုင်ပြီး၊ ကိုယ့် theme နှင့် ကိုက်လောက်မယ့် အကျယ်ကိုလည်း data-width=”470″ မှာ သတ်မှတ်နိုင်ပါတယ်၊ ဒါဆိုရင် ပြီးပါပြီ။

ကျွန်တော် သင်ယူတဲ့ဆိုက်ကတော့ http://richwp.com/add-facebook-comments-wordpress-website ဖြစ်ပါတယ်။