how to add logo image in your simple theme

 WordPress Logoခင်ဗျား အသုံးပြုနေတဲ့ theme က သိပ်ကို ရိုးရှင်းတဲ့ simple theme တစ်ခု ဖြစ်မယ် ဆိုရင်တော့ အများစုဟာ header logo image ထည့်ခွင့်ပေးထားမှာ မဟုတ်ပါဘူး၊ ဒီလို ဖြစ်နေလို့ ခင်ဗျားအနေနဲ့ နောက်ဆုံးပေါ် ဖန်ရှင်စုံတဲ့ wordpress theme တစ်ခုခုကို ရွေးချယ်ကောင်း ရွေးချယ်နိုင် ပါတယ်။ ဒါမှမဟုတ် ဘန်နာ အထူကြီးတွေပါတဲ့ theme ကိုလည်း ရွေးဖြစ်ချင် ရွေးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုမလုပ်ချင်ဘူး၊ ဒီ theme လေးမှာပဲ မရမက လိုဂိုကို ထည့်ချင်တယ်။ ဆိုသူများ အတွက် အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးက အသုံးကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ခင်ဗျားဟာ ဟို့စ်တင်းတစ်ခုလုံး မပိုင်ရင်တောင် အနည်းဆုံးတော့ ခင်ဗျားရဲ့ wordpress file တွေဆီသွားဖို့ ftp အက်ကောင့် တစ်ခုတော့ ရှိရမှာ ဖြစ်ပါတယ်။ ဒါဆို လုပ်လို့ ရပါပြီ။

ပထမဆုံးအဆင့်ကတော့ ခင်ဗျားထည့်ချင်တဲ့ လိုဂိုကို ဖိုတိုရှော့နဲ့ ဖြစ်ဖြစ် ဆွဲထားပေါ့၊ file extension ကတော့ jpeg ဖြစ်ဖြစ်၊ png ဖြစ်ဖြစ်၊ gif ဖြစ်ဖြစ် ရပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ png က အကောင်းဆုံးလို့ ထင်ပါတယ်။ ဒါတွေ လုပ်ထားပြီးပြီဆိုရင်၊ ကျွန်တော်တို့ theme editor ကနေ header.php ကို သွားပါမယ်။ အဲဒီမှာ <div id=”header”>  ဆိုတာရဲ့ အောက်မှာ…၊

[php]<h1 id=”blogname”><a href=”<?php bloginfo(‘siteurl’); ?>”>
<?php  bloginfo(‘name’); ?>
</a></h1>
<div>
<?php bloginfo(‘description’); ?>
</div>[/php]

ဒီလိုကုတ်မျိုးတွေ တွေ့ပါမယ်၊ home page နှင့် discription ကို ညွှန်းထားတဲ့ ကုတ်တွေကို အကုန်ဖျက်လိုက်ပါ၊ ပြီးရင်…. ဒီအောက်က ကုတ်တွေကို အစားထိုးလိုက်ပါ။

[php]<div id=”logo”>
<a href=”<?php bloginfo(‘siteurl’); ?>”><img src=”<?php bloginfo(‘template_url’); ?>/images/logo.png”></a>
</div>[/php]

ဒါပြီးရင် css ကို သွားပါမယ်၊ အဲဒီထဲက blogname နှင့် description ကုတ်တွေကိုလည်း အကုန်ဖျက်လိုက်ပါ၊ ပြီးရင် လိုဂိုအတွက်……….၊

[css]#logo {
height:78px;
width:900px;
margin:0 auto;
padding-left:0px;
padding-top:23px;
text-align:left;
}[/css]

ဒီလိုမျိုး ကုတ်တစ်ချို့ ပြန်ရေးပါမယ်။ ဒါကတော့ ကိုယ့်ရဲ့ header နဲ့ ကိုက်အောင် ကိုယ့်ဘာသာ ကြည့်ရေးရ ပါမယ်။ ဒါပြီးရင် ကုတ်ပြင်တဲ့ အပိုင်းတော့ ပြီးပါပြီ။

နောက်တစ်ဆင့်ကတော့ ftp ကနေ wp-content/themes/ကိုယ့် theme နာမည်/images ဆိုတဲ့ ဖိုဒါကိုရောက်အောင်သွားပြီး ကိုယ့်လိုဂိုပုံကို သွားထည့်ပေးရပါမယ်။ header.php ထဲမှာ ထည့်ထားတဲ့ ကုတ်မှာ logo.png ကို ညွှန်းထားလို့မို့ ကိုယ့်လိုဂိုကိုလည်း ဒီအတိုင်း နာမည်ပေးရပါမယ်။ ပုံက jpeg ဆိုရင်တော့ ကုတ်ထဲမှာ .jpeg လို့ ရေးပေါ့။ ဒါလောက်ဆိုရင်တော့ အဆင်ပြေပါပြီ။ ဘာမှ မဟုတ်ပေမယ့် ခေါင်းတော့ နည်းနည်း စားရပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

ဝန်ခံချက်။   ။ http://corpocrat.com/2009/02/14/how-to-insert-logo-in-your-wordpress-blog မှ နည်းယူထားခြင်း ဖြစ်ပါသည်။