how to add navigation menu

locationwordpress version3.0 ကတည်းက dashboard အောက်မှာ menu ဆိုတာ တစ်ခုပါလာတာ အားလုံး သတိထား မိကြမှာပါ။ ဒါက ဘာလုပ်လို့ ရလဲ ဆိုတော့ ကျွန်တော်တို့ ဘလော့ဂ်တွေကို မဂ္ဂဇင်းစတိုင် (သို့မဟုတ်) ကုမ္ပဏီစတိုင် ဖန်တီးချင်ရင် post တွေ၊ page တွေ၊ category တွေကို အဲဒီ menu ကို သုံးပြီး navigation bar ထဲ ထည့်ချင်ထည့်၊ နောက်ပြီး dropdown အနေနဲ့ ဖန်တီးချင် ဖန်တီးလို့ ရပါတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ version 3.0 မတိုင်ခင်က ရေးထားတဲ့ theme တွေနဲ့၊ နောက်ပိုင်း ရေးတဲ့ theme တော်တော် များများဟာ menu အတွက် support မဖြစ်ပါဘူး၊ ဒီတော့ ကျွန်တော်တို့တွေဟာ menu ဆိုတာကို တွေ့နေရက်နဲ့ သုံးလို့ မရဘူး ဖြစ်နေတတ်ပါတယ်။

ခု ကျွန်တော် တင်ပြချင်တာက coding လေး အနည်းငယ် ထည့်ပြီး menu ကို support ဖြစ်အောင် လုပ်ဖို့ပါ၊ တကယ်လို့ ခင်ဗျား သုံးနေတဲ့ theme က menu support မဖြစ်ဘူးဆိုရင် menu ကို ဖွင့်ဝင်လိုက်တဲ့ အခါ အပေါ်က ပုံလိုမျိုး တစ်ခု တွေ့ရပါလိမ့်မယ်။ ဒီလို ဖြစ်နေတယ်ဆိုရင် ပထမဆုံး ကျွန်တော်တို့ theme ရဲ့ functions.php ကို ဖွင့်ပြီး၊ ဒီ အောက်က ကုတ်လေးတွေ ကို ထည့်ပေးရပါမယ်။

[php]<?php
function mytheme_addmenus() {
register_nav_menus(
array(
‘main_nav’ => ‘The Main Menu’,
)
);
}
add_action( ‘init’, ‘mytheme_addmenus’ );
function mytheme_nav() {
if ( function_exists( ‘wp_nav_menu’ ) )
wp_nav_menu( ‘menu=main_nav&container_class=pagemenu&fallback_cb=mytheme_nav_fallback’ );
else
mytheme_nav_fallback();
}
function mytheme_nav_fallback() {
wp_page_menu( ‘show_home=Start&menu_class=pagemenu’ );
}?>[/php]

ပြီးရင် <?php mytheme_nav(); ?> ဒီကုတ်လေးကိုတော့ header.php ထဲက ကိုယ့်အနေနဲ့ menu ကို ပေါ်စေချင်တဲ့ နေရာမှာ သွားထည့်ပေးရပါမယ်။ ဒါက ဘာလုပ်လိုက်တာလဲ ဆိုတော့ ကျွန်တော်တို့အတွက် menu location တစ်ခုကို theme မှာ ဖန်တီးလိုက်တာပါပဲ။ ဒီလို လုပ်ပြီးရင် menu ကို သွားပြန်ကြည့်လိုက်ပါ။ ခုနကလို ပုံမျိုး ဖြစ်နေမှာ မဟုတ်တော့ပါဘူး။ ဒီလိုပုံ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

location2

ဒါဆို ကျွန်တော်တို့ အနေနဲ့ creat new menu ကနေ ကြိုက်တဲ့ နာမည်နဲ့ menu တစ်ခု ဖန်တီးပြီး၊ အကြိုက်ဆုံး ပို့စ်တွေ၊ page တွေ၊ category တွေကို menu ထဲ ထည့်နိုင်ပါပြီ။

menu

ဒီပို့စ်ဟာ menu support မဖြစ်တဲ့ theme တွေအတွက် support ဖြစ်အောင် လုပ်နည်း လောက်ပါပဲ၊ dropdown တော့ မရပါဘူး၊ dropdown အတွက် ကျွန်တော် သီးသန့် ရေးဖို့ စီစဉ်နေပါတယ်။

အကြံပေးချင်တာကတော့ ခင်ဗျားအနေနဲ့ coding တွေကို ဖြတ်ညှပ်ကပ် လုပ်တာလေး လောက်တောင်မှ စိတ်မဝင်စားဘူး ဆိုရင် အပေါ်က ကျွန်တော် ပြောခဲ့တာတွေ တစ်ခုမှ လုပ်နေစရာ မလိုပါဘူး၊ နောက်ဆုံးပေါ် 2012 theme တွေ အများကြီး ရှိပါတယ်။ စိတ်ကြိုက် theme တွေ လိုက်ရှာ၊ ဆွဲ သုံးရုံပါပဲ။ အဲဒီ theme တွေမှာဆိုရင် fav icon, logo image, dropdown, လုပ်ရတာ သိပ်ကို လွယ်ပါတယ်။ ဘာကုတ်မှ နားလည်စရာ မလိုပဲ၊ theme option ထဲက ကနေ၊ အပြည့်အဝ အသုံးချရုံပါပဲ။

ဒါလည်း တစ်ခုတော့ သတိထားဖို့ လိုပါတယ်၊ ဖန်ရှင် စုံလွန်းတဲ့ theme တွေရယ်၊ ရိုးရှင်းလွန်းတဲ့ theme တွေရယ်ဟာ တစ်ဦးတစ်ယောက်ထဲ သို့မဟုတ် အဖွဲ့တစ်ဖွဲထဲ ရေးဆွဲတာ မဟုတ်လို့မို့၊ ခင်ဗျားအနေနဲ့ တစ်ချို့ လူတွေလို footer မှာ design by မောင်ဘယ်သူ၊ powered by ဘာအဖွဲ့ ဆိုပြီး အလွယ်တကူ ဝင်ရေးခွင့် ရမှာတော့ မဟုတ်ပါဘူး၊ အဲလို ဝင်ရေးရင် theme တစ်ခုလုံး ပျက်စီး သွားနိုင်ပါတယ်။ ဘလော့ဂ်လည်း ပေါ်မှာ မဟုတ်တော့ပါဘူး။ ကျွန်တော် စမ်းသပ်ပြီး ပါပြီ၊ function ထဲ သွားပြီး၊ အဲဒီ ဖန်ရှင်တွေ လိုက်ဖြုတ်တယ်၊ css က ကုတ်တွေကို ဖြုတ်ပစ်တယ်။ ဒါနဲ့တောင် မရပါဘူး။

အကောင်းဆုံးကတော့ theme တစ်ခုကို ကိုယ့်ဘာသာ ရေးချင်ရေး၊ မရေးနိုင်ဘူး ဆိုရင် ဝယ်သုံးပေါ့ဗျာ၊ ရေးလည်း မရေးနိုင်၊ ဝယ်လည်း မဝယ်နိုင်ဘူး ဆိုရင်တော့ coding တွေကို ဖြတ်ညှပ်ကပ် လုပ်ပြီး သုံးရုံပါပဲ။ ကိုယ့်အခြေအနေနဲ့ ကိုက်သလိုပေါ့ဗျာ။

ရည်ညွှန်းဆိုက်များ

http://kuttler.eu/post/wp_nav_menu-wordpress-3-0
http://codex.wordpress.org/Template_Tags/wp_page_menu

  • အဆင်ပြေပါပြီ.. တကူးတက အီးမေးလ်နဲ့ သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော် အီးမေးလ်လည်း ပို့ပေးထားပါတယ်… အစက komaungpauk.blogspot.com မှာရေးတာပါ.. Domain Name တစ်ခု သူများဝယ်ပေးတာ.. Host ပေါ်ကို WordPress နဲ့တင်ရေးတာပါ.. အတွေ့အကြုံမရှိလို့ အခက်အခဲတွေဖြစ်ရပါတယ်.. အခုလိုကူညီတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ…