how to fix 500 internal server error

internalservererror

အရင်က ဒီ error အကြောင်းကို ကျွန်တော် ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်၊ အဲဒီတုန်းက ကျွန်တော်က plug in တစ်ခုခုကြောင့်ပဲလို့ သာမန် ထင်ထားခဲ့တာ၊ ထင်ဆို အဲဒီတုန်းကလည်း ကျွန်တော်ထင်တဲ့ plug in ကို ဖြုတ်ပစ်လိုက်တော့ ဒီ error က တော်တော်နဲ့ ပြန်ပေါ်မလာ တော့တာကိုး၊ ဒီတော့ ကျွန်တော်လည်း ဒါဟာ plug in ကြောင့်လို့ပဲ ထင်လိုက်မိတာပေါ့၊ နောက်တော့မှ ဒီပြဿနာဟာ wordpress ရဲ့ ပြဿနာသက်သက်မျှ မဟုတ်ပဲ ဆာဗာပိုင်းက တစ်စုံတစ်ရာ လိုအပ်ချက်နဲ့လည်း  သက်ဆိုင်နိုင်တယ် ဆိုတာ သိလာရတယ်။

ကျွန်တော့် အတွေ့အကြုံကို ပြောရရင်တော့ ဒီပြဿနာ ဖြစ်နေပြီဆိုရင် root ထဲက .htaccess ဖိုင်မှာ တစ်ခုခု မှားယွင်းနေပြီ ဆိုတာပါပဲ၊ ဒီဖိုင်ထဲက ကုတ်တွေကို မှန်အောင် ပြန်ပြင်ပေးလိုက်ရင် အခိုက်အတန့်တော့ ပြဿနာက ပြန်ပြေလည် သွားတာချည်းပဲ၊ ဒါပေမယ့် ကျွန်တော့် ဘလော့ဂ်က တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါလောက် ဒီ 500 Internal Server Error ဆိုတာကြီး ပေါ်ပေါ်နေတတ်တယ်၊ ဒီတော့ ကျွန်တော်လည်း ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ချို့ လိုက်ရှာရပြန်တာပေါ့၊ အခု ကျွန်တော် ဖြေရှင်းထားတဲ့ နည်းလမ်းလေးကို ပြန်လည် ဝေမျှပေးပါမယ်၊ မသိသေးသူ တစ်ချို့နဲ့ ကျွန်တော့်လို ကံမကောင်းပဲ error ခဏခဏ ဖြစ်တတ်သူတွေ အတွက်ပါ။

ini

လုပ်ရမယ့် နည်းလမ်းကတော့ တော်တော်လေး လွယ်ကူပါတယ်၊ ပထမဆုံး notepad တစ်ခုကို ခေါ်လိုက်၊ ပြီးရင် memory=64MB ဒါလေးထည့်လိုက်၊ ပြီးရင် ဒီဖိုင်ကို php.ini ဆိုတဲ့ နာမည်နဲ့ save လိုက်ပါ၊ ပြီးရင် FTP တစ်ခုခုကနေ wp-admin ဆိုတဲ့ ဖိုဒါထဲကို ရောက်အောင် သွားပြီး ခုနက php.ini ဆိုတဲ့ ဖိုင်လေးကို သွားတင်ပေးရပါမယ်။ ဒါဆိုရင် 500 Internal Server Error ဆိုတဲ့ ဒီပြဿနာဟာ နောက်ထပ် ပေါ်လာတော့မှာ မဟုတ်တော့ပါဘူး။ ဒါက ကျွန်တော် ဖြေရှင်းလိုက်တဲ့ နည်းလမ်းလေးမျှသာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး သိချင်ရင်တော့ ဒီ error နဲ့ ပတ်သက်ပြီး ရေးထားတာတွေ အများကြီးထဲက ကျွန်တော် အကြိုက်ဆုံးနဲ့ အပြည့်စုံဆုံးလို့ ထင်ရတဲ့ ဆောင်းပါး တစ်ပုဒ်ကို ညွှန်းပါရစေ၊ ကျွန်တော် ဘာသာပြန်ပြီး တင်မလားလို့တောင် စဉ်းစားမိပါသေးတယ်၊ ဒါပေမယ့်ဗျာ ဒီရက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ဘာတွေ ဖြစ်နေမှန်းကို မသိတော့လို့ ဒီလိုပဲ ညွှန်းလိုက်ရပါတယ်၊ ဒါကိုတော့ ဒီလင့်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ။