how to get google’s verified authorship for your blog

authorshipဒီတစ်ခါရေးမယ့် အကြောင်းအရာလေး ကလည်း သိပ်တော့ ထွေထွေထူးထူး မဟုတ်ပြန်ပါဘူး၊ ကျွန်တော် လျှောက်ပြီး လိုက်ဖတ်ရင်း ဖတ်ရင်း တွေ့မိလို့ လုပ်ကြည့် ထားတာလေးပါ။ အဆင်လည်းပြေ လို့မို့ ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ google authorship လုပ်နည်းလေးပါပဲ၊ ထုံးစံအတိုင်း သိပြီးသား လူတွေအတွက်တော့ မရည်ရွယ်ပါဘူး ခင်ဗျာ။

ဒီလိုပါ ကျွန်တော်တို့ အနေနဲ့ အကြောင်းအရာ တစ်ခုခုကို သိချင်လို့ search engine တွေကနေ ရှာလိုက်တဲ့ အခါမှာ အများအားဖြင့်တော့ web အနေနဲ့ ရှာရင် စာလုံးတွေပဲ ကျလာတာကို ပုံမှန်အားဖြင့် တွေ့ရမှာပါ၊ ဒါပေမယ့် အပေါ်မှာ ပြထားတဲ့ ပုံလေးမှာတော့ ပို့စ်တစ်ခုနဲ့ အတူ စာရေးတဲ့သူရဲ့ ပုံလေးပါ တွဲပါလာတာ ကို မြင်ရမှာ ဖြစ်ပါတယ်၊ ဒီလို လုပ်ထားခြင်းအားဖြင့် ရှာဖွေသူ တစ်ယောက် အနေနဲ့ စာရေးသူရဲ့ profile ကို စိတ်ဝင်စားလို့ ကြည့်ချင် သိချင် ဖြစ်လာခဲ့မယ်ဆိုရင်  More by NMK ဆိုတဲ့ ဒီလို link ကို နှိပ်ပြီး၊ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကဲ လုပ်ကြည့်ရအောင်ဗျာ၊ ပထမဆုံး ခင်ဗျားမှာ Google+ profile တစ်ခု အဆင်သင့် ရှိထားဖို့တော့ လိုအပ်ပါတယ်၊ ပြီးရင် ပုံလေး ဘာလေး တင်ထားပေါ့ဗျာ။ နောက်တစ်ဆင့်ကတော့………

[php]<link rel="author"href="https://plus.google.com/115476025170078810959/posts" />[/php]

ဒီကုတ်လေးကို ကိုယ့်ရဲ့ themes/header.php ထဲက <head> ဆိုတဲ့ section ထဲကို သွားထည့်ပေးရပါမယ်၊ ပြီးရင် https://plus.google.com/115476025170078810959/posts နေရာမှာ ကိုယ့်ရဲ့ google+ profile လင့်ကို ပြောင်းထည့်ပေးလိုက်ပါ။

တကယ်လို့များ ခင်ဗျားက framework theme တစ်ခုခုကို သုံးထားမယ်၊ ဒါမှမဟုတ် theme မှာ function တစ်ခု အနေနဲ့ ထည့်ချင်တယ် ဆိုရင်တော့ theme ရဲ့ functions.php ထဲကို ဒီအောက်က ကုတ်လေးတွေကို ထည့်ပေး လိုက်ပါ။ google+ profile လင့်မှာတော့ ထုံးစံအတိုင်း ကိုယ့်လင့်ကိုပဲ ထည့်ပေးပေါ့။

[php]add_action(‘wp_head’, ‘add_google_rel_author’);
function add_google_rel_author() {
echo ‘<link rel="author"href="https://plus.google.com/115476025170078810959/posts" />’;
}[/php]

ဒါပြီးရင် ကိုယ့်ရဲ့ Google+ profile ကို ပြန်သွားပြီး about အောက်က Contributor to ဆိုတဲ့နေရာမှာ ကိုယ့်ဘလော့ဂ် လိပ်စာကို ထည့်သွင်းပေးရပါမယ်၊ ဒါဆိုရင်တော့ ပြီးပါပြီ။ ဒါပေမယ့် ချက်ချင်းကြီးတော့ google က တုန့်ပြန်မှာတော့ မဟုတ်ပါဘူး၊ အချိန် နည်းနည်းတော့ စောင့်ရပါမယ်။ အချိန်စောင့်ပြီးလို့ search engine ကနေ ရှာကြည့်လိုက်လို့ ပုံလေးနဲ့ ဖြစ်နေပြီဆိုရင် ခင်ဗျားဟာ google က အသိအမှတ်ပြုထားတဲ့ စာရေးသူ သို့မဟုတ် ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်သွားပါပြီ၊ ဟာဟ။

ဒီပို့စ်နဲ့ ပတ်သက်လို့ တခြားသူတွေ မြန်မာလို ရေးထားတာ ရှိပြီးသားလား ဘာလား၊ ကျွန်တော် လုံး၀မသိပါဘူး၊ ကျွန်တော် သင်ယူတဲ့ဆိုက်ကတော့ http://www.wpbeginner.com/wp-tutorials/how-to-get-googles-verified-authorship-for-your-wordpress-blog ပဲ ဖြစ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။