how to switch mobile responsive theme

mobile

မိုဘိုင်းခေတ် ရောက်လာတော့ မိုဘိုင်းနဲ့ ပတ်သက်တာလေး နည်းနည်းပါးပါး ပြောချင်လာတယ်၊ ဆရာကြီး မဟုတ်ပေမယ့် တတ်သလောက် မှတ်သလောက်လေးပေါ့ဗျာ၊ မြန်မာကျူတိုရီရယ်က တင်တဲ့ ပို့စ်တစ်ခုမှာ ကျွန်တော် ဖတ်ဖူးတာက ၀က်ဘ်ဟာ ဖွဲ့ဖြိုးဆဲ နိုင်ငံတွေမှာ PC အဆင့်ကို ကျော်ပြီး တခါတည်း mobile ဘက်ကို ကူးပြောင်း လာတာတွေ့ရပါတယ် ဆိုလားပဲ၊ ဒီတော့ ကျွန်တော်တို့မှာ ၀က်ဘ်ဆိုက်တစ်ခု ရှိတယ်ဆိုရင် user တွေအနေနဲ့က အကြောင်း အမျိုးမျိုးကြောင့် devices မျိုးနဲ့ ကြည့်ကြမှာပဲလေ၊ ဒီထဲမှာမှ အများစုက မိုဘိုင်းနဲ့ ကြည့်ကြမယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး၊ ဒီတော့ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ ပြင်ဆင်ထားဖို့ လိုအပ်တယ်လေ။

ကျွန်တော်က wp သမား ဆိုတော့ wp နဲ့ ပတ်သက်တာလေးပဲ ပြောချင်ပါတယ်၊ တခြား CMS တွေကတော့ ကျွန်တော်ကိုယ်တိုင် သိပ်မသိတာမို့လို့ ဘာမှ မပြောတော့ပါဘူး၊ ဒီလို mobile responsive ဖြစ်ဖို့အတွက် jquery code တွေနဲ့ theme မှာ edit လုပ်ပြီး ဖန်တီးမလား၊ ဒါမှမဟုတ် plug in သုံးပြီး mobile theme တစ်ခုခုကို switch လုပ်မလား၊ ဒီနည်းနှစ်မျိုးမှာ ပထမနည်းက beginner တွေအတွက် မလွယ်ကူလို့မို့၊ ဒုတိယနည်းကိုပဲ ကျွန်တော် သိသလို ေ၀မျှပါမယ်၊ mobile plug in တွေ အများကြီးထဲကမှ ကျွန်တော် အကြိုက်ဆုံးလို့ ပြောရမယ့် mobile smart နဲ့ Jetpack by wordpress.com ဆိုတဲ့ plug in နှစ်ခုအကြောင်း ဖြစ်ပါတယ်။

ပထမဆုံး mobile smart အကြောင်းကို အရင် ပြောပါမယ်၊ ခင်ဗျားရဲ့ ၀က်ဘ်ဆိုက်ကို မိုဘိုင်းနဲ့ ဖွင့်ကြည့်ပါ fix ဖြစ်လား မဖြစ်ဘူးလား ဆိုတာ၊ တကယ်လို့ ခင်ဗျား သုံးနေတဲ့ theme က mobile responsive မဖြစ်ဘူးဆိုရင် ကြည့်ရတာ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး၊ ဆိုက်ပုံစံက သေးနေတာမျိုး ဖြစ်နေလိမ့်မယ်။ ဒီလို ဖြစ်နေတယ်ဆိုရင် အပေါ်မှာ ပြောခဲ့သလိုပါပဲ ခင်ဗျားဆိုက်ကို mobile responsive ဖြစ်အောင် တစ်ခုခု ကြိုးစားဖို့တော့ လိုအပ်လာပြီလေ။

mobile smart

ဒီ mobile smart ဆိုတဲ့ plug in ကို သုံးမယ်ဆိုရင်တော့ သူ့ကို install မလုပ်ခင် mobile responsive ဖြစ်တဲ့ theme တစ်ခုကို ရှာပြီး install အရင် လုပ်ရမှာပါ၊ ပြီးရင် mobile smart plug in ကို install လုပ်ပါ၊ ပြီးရင် သူ့ဆက်တင်ကို သွားပြီး mobile theme မှာ ကိုယ် install လုပ်ထားတဲ့ mobile responsive theme ကို ရွေးပေးရမှာပါ။ ပြီးရင် ခင်ဗျား ဆိုက်ကို မိုဘိုင်းနဲ့ ဖွင့်ကြည့်ပေါ့။ ဒါဆိုရင် ခင်ဗျားဆိုက်ဟာ မိုဘိုင်းနဲ့ ကြည့်ရင် ပုံစံတစ်မျိုး PC နဲ့ ကြည့်ရင် ပုံစံတစ်မျိုး ဖြစ်နေပါလိမ့်မယ်။

jetpack

နောက် plug in တစ်ခုက Jetpack by wordpress.com ပါ၊ သူကတော့ wordpress.com ကို connect လုပ်ပြီး၊ wordpress.com က features တွေကို ယူသုံးခွင့် ပေးထားတဲ့ plug in ပါ၊ ဒီ plug in က ခု နောက်ပိုင်း wp အထုပ်မှာ built in ပါ ပါတယ်၊ သူ့ကိုတော့ ပါ၀ါပြည့်၀တဲ့ မရှိမဖြစ် plug in တစ်ခု လို့တောင် ပြောကြပါတယ်၊ သူ့ဆက်တင်နဲ့ သူလာပါတယ်၊ ဖွင့်ကြည့်လိုက်ရင် sharing တို့ mobile theme တို့ စတဲ့ features တွေကို တွေ့ရမှာပါ၊ သုံးရတာ အလွန်လွယ်ကူ လို့မို့ တစ်ခုချင်း ပြောမနေတော့ပါဘူး၊ သူ့မှာပါတဲ့ mobile theme ဆိုတာကို activate လုပ်ထားမယ်ဆိုရင် ခင်ဗျားရဲ့ ဆိုက်ကို mobile နဲ့ ဖွင့်ကြည့်တဲ့ အခါ user.wordpress.com ကို ကြည့်သလိုပဲ မြင်ရမှာပါ၊ ဒါဟာ အလွယ်ကူဆုံး mobile responsive လုပ်နည်းပဲ ဖြစ်ပါတယ်။

ခုပြောခဲ့တာတွေက mobile responsive မဖြစ်တဲ့ theme တွေကို သုံးနေတဲ့ လူတွေ အတွက်မျှသာပါ၊ နောက်ရေးတဲ့ theme တွေမှာဆိုရင် တော်တော်များများ mobile responsive ဖြစ်ပါတယ်၊ အကောင်းတကာ့ အကောင်းဆုံးကတော့ ဘာမှ theme ကို ချီးများမနေပဲ default theme ဖြစ်တဲ့ Twenty Twelve ကို သုံးတာပါပဲ ခင်ဗျာ။