နှင်းရဲ့ အတွင်းလူနာ

နှင်းရဲ့ တဖွဖွခြေသံတွေ ဆင်းသက်ပျံဝဲစဉ်
တိတ်တဆိတ် လောင်းကျွမ်းနေကျ နှလုံးသားမှာ
ခုမှ နိုးထခဲ့လေသလား၊ အိပ်ပျော်နေဆဲလား မဝေခွဲနိုင်
ရောက်ရာအရပ်က ငရဲဘုံလား၊ နတ်လမ်းမလား မသိနိုင်။

သေချာတာက
နှင်းဟာ စည်းရုံးရေးသမား မဟုတ်ဘူး
နှင်းဟာ ဥပါယ်တံမျဉ်နဲ့ ချည်းကပ်လာသူ မဟုတ်ဘူး
နှလုံးသားနဲ့ မြင်ကြစမ်းပါ
နှင်းပွင့်လေးတွေဟာ အနမ်းနဲ့
မျက်ရိုင်းတို့ကို နှစ်သိမ့်နေပေါ့
“စွန့်လွတ်ရမယ် မှန်းသိရက်နဲ့ ဘယ်သူ ချစ်ရဲလဲ”
နှင်းဟာ သူနာပြုဆရာမလေး စစ္စလီဆောင်းဒါး ဝင်စားတာလေ။

ဒီလို… ငါ အိပ်မက်နေတုန်း…….
နှင်းဟာ တစ်စုံတစ်ခုသော ပယောဂကြောင့် ထင်ရဲ့
ငါ့တစ်ဖက်သတ် အချစ်တွေကို ယူပြီး
တငွေ့ငွေ့ ပျောက်ကွယ် သွားပေါ့။