ကျွန်တော်ဝယ်မစားနိုင်တဲ့အချစ်တစ်ပွဲ

နှစ်ဆယ်တစ်ရာစုမှာ
တခြားကုန်ဈေးနှုန်းများနည်းတူ
အချစ်ဈေးနှုန်းတွေလည်း
အားကျမခံ
မိုးထိအောင် ခေါင်စိုက်
အလေ့ကျ လမ်းဘေးမေတ္တာနဲ့
ဝယ်သောက်လို့မရ
အချစ်က
လင့်ခရူဆာထဲမှာ
ဆီဒိုးနား ဟိုတယ်မှာ
လကမ္ဘာ နိုက်ကလာပ်မှာ
(26)လမ်း ဘီယာဆိုင်မှာ
ဈေးအပေါဆုံး အချစ်တောင်မှ
တရုတ်ဆိုင်ကယ်ပေါ် ကားယားခွလို့
ဟေ့ ရင်ဘတ်ဟောင်းလောင်း
အိမ်မက်တခြမ်းပဲ့နဲ့
အချစ်ဆာနေတဲ့ကောင်
မင်းအိတ်ကပ်ထဲ
ခြူးဘယ်နှစ်ပြားပါ လဲ
နှလုံးသားအစုတ်အပဲ့နဲ့
အချစ်ကို လဲစားလို့မရဘူး။