ကဗျာမရေးဖြစ်တဲ့နေ့ ပန်းပုထုကြည့်ခြင်း

အိမ်ပေါက်စေ့အောင် ရောက်တဲ့လောကဓံကို
ဧည့်ထောက်ခံကြိုဆို
ဒီမောင်ကို
တို့တစ်မိသားစုလုံးက
မပြန်ချင်အောင်ဆွဲဆောင်ထားလိုက်တယ်။

ထွန်တုံးကို မျိုမိတဲ့ စပါးကြီးမြွေလို
မာနဟာ
လေထီးမပါပဲ ခုန်ချ
သူကလေဟုန်စီးလာတယ်။

လိုက်ပါသူတွေကော
လိုက်ပို့သူတွေပါ စည်ကားလွန်းတဲ့ညနေ
လရောင်ရေ မင်းက လက်ပိုက်ကြည့်နေသူလား
ကွေးသောလက် မဆန့်ခင်လေးပါကွာ။

ပြဿနာကို မေ့ဆေးပေးပြီး
ခွဲစိပ်ကုသကြည့်ရင်ကောင်းမလား
လောဘရဲ့ ကြိုးဆွဲရာကနေကြရ
ရင်ဆိုင်တိုက်ပွဲတွေနဲ့မောပန်းနေကြရ
အလင်္ကာမဲ့ကောင်းကင်ထဲမှာတော့
ဝါကျတွေက မရှင်သန်တော့ဘူးပေါ့။

ဟောဒီ ကျောက်တုံးထဲမှာ
ဘီလူးတစ်ကောင်ရှိနိုင်သလို
အလှနတ်သမီးတစ်ပါးလည်း ရှိနိုင်တာပဲ။

မလိုတာတွေဖယ်ထုတ်
ဖယ်ထုတ်ပစ်လိုက်တာနဲ့
အတ္တတွေကို အကုန်စင်အောင်
အသွေးအသားထဲကနေ
အဆုံးတိုင် ဖောက်ထုတ်
ဖောက်ထုတ်ပစ်လိုက်တာနဲ့
အဲဒီ ကျောက်တုန်းထဲမှာ။

မောင်နီဦး(မန္တလေး)

ပို့စ်လည်းတင်ချင်တယ် ဘာတင်ရမှန်းလည်းမသိဘူးဖြစ်နေတယ်ဗျာ
ဒါနဲ့ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ပဲ ကောက်တင်လိုက်တယ်။

 

  • နားတော့မလည်ဘူး…. မော်ဒန်ဆန်မှန်းတော့ သိတယ်…. နေ့အိပ်မက် ဥာဏ်မမီတာထင်ပါရဲ့.. 🙁