အကောင်းမြင် အဆိုးမြင်နဲ့ တာဝန်မဲ့သူ

လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်လောက်ကပေါ့၊ ဂျာနယ်တစ်စောင် ကောက်ဖတ်လိုက်မိတယ်၊ (ဘာဂျာနယ် ဆိုတာတော့ မမှတ်မိတော့)၊ အဲဒီမှာ “အကောင်းမြင်သူ၊ အဆိုးမြင်သူ” ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူး ပုံစံလေး မေးထားတာ တွေ့ရတယ်၊ အဖြေ တော်တော်များများက ကျွန်တော် မြင်ဖူး ဖတ်ဖူးနေကျ ပုံစံတွေပဲ၊ (တည့်တည့် ပြောရရင်တော့ ရင်ကို လာမမှန်ဘူး ဆိုပါတော့) အဲ ကိုရဲရင့် အလှည့်ရောက်တော့ ကျွန်တော့်မှာ အကောင်းမြင်နဲ့ အဆိုးမြင်တို့ ကြားမှာ “တာဝန်မဲ့သူ” ဆိုတာ ရှိသေးတာပါလားလို့ အသိလေးတစ်ခု မမျှော်လင့်ပဲ ရလိုက်တယ်၊ အဲဒီ အသိလေးကို ပြန်ဝေငှလိုက်တာပါ၊ ကျွန်တော့်လို လူမျိုးတွေ အတွက်ဆိုပါတော့၊ တော်ပြီးသား၊ တတ်ပြီးသား၊ နားလည်ပြီးသား၊ ပြည့်ဝပြီးသား လူတွေ အတွက် မရည်ရွယ်ပါဘူး။

ကဲ သူစကားလေးကို နားထောင်ကြည့်ရအောင် …..

“အကောင်းမြင်သမားက ပြဿနာကို ပြဿနာဟုတ် မဟုတ် ခံစားတယ်၊ လေ့လာတယ်၊ ကောက်ချက် စောစောမချပဲ စဉ်းစားတယ်၊ တတ်နိုင်သလောက် ခွင့်လွတ်တယ်၊ ပြုပြင်ဖို့ ကြိုးစားတယ်၊ အပြစ်တင်ခြင်းကို တာဝန်ယူမှုနဲ့ အစားထိုးတယ်။”

“တာဝန်မဲ့သူကတော့ ပြဿနာကို ပြဿနာဟုတ် မဟုတ် စဉ်းစားလည်းမနေဘူး၊ လေ့လာလို စိတ်လည်း မရှိဘူး၊ ပေါ့ပေါ့ပဲ ကောက်ချက်ချလိုက်တယ်၊ အလိုအလျှောက် ခွင့်လွတ်တတ်တာမျိုး တွေ့ရသလို၊ ရသလောက် ဆယ်ယူဖို့ကိုလည်း စိတ်မကူးကြဘူး၊ သူများကို အပြစ်တင်ဖို့လည်း စိတ်မဝင်စားဘူး၊ အကောင်းမြင်တဲ့ သူလိုလို ဘာလိုလိုနဲ့ တကယ်တန်းတော့ တာဝန်မဲ့တာပဲ တွေ့ရတယ်။”

“အဆိုးမြင်သမားကတော့ ရှင်းတယ်၊ ပြဿနာတစ်ခု ရှိပြီဆိုရင် တရားခံတစ်ယောက် ရရင်တာ်ပြီ၊ ကောက်ချက် စောစောချမယ်၊ တာဝန်ယူမှု အစား အပြစ်တင်လိုက်မယ်။ မှန် မမှန် စဉ်းစားဆုံးဖြတ်ဖို့ စိတ်မဝင်စားတော့ဘူး။”

ဒါကြောင့် အကောင်းမြင်တယ် ဆိုတာ ကောင်းတဲ့အလုပ်လို့ သာမန်ယူဆနိုင်ပေမယ့် တာဝန်မဲ့သူလည်း မဖြစ်ဖို့ လိုပါတယ်။

ကိုရဲရင့် (စာရေးဆရာ)

စာရေးဆရာ ကိုရဲရင့် ကျန်းမာပါစေ၊ ဒီထက်ပို၍ စာပေပညာဖြင့် နိုင်ငံအကျိုးကို သယ်ပိုး ထမ်းဆောင် နိုင်ပါစေလို့ … ဆုတောင်းရင်း…