ယနေ့ရနိုင်သော စားသောက်ဖွယ်ရာများ

၁။ ရသကိုးပါးလွတ်ကဗျာ
၂။ အပျော်ဖတ်စာရေးဆရာများ
၃။ ပုံသေရိုက်စက်နဲ့ထုတ်လုပ်ထားသော Hip Hop သီချင်း
၄။ သုံးသောင်းတန် ရှိုးပွဲလက်မှတ်
၅။ စတိုးဆိုင်ထဲက ကော်ပတ်ရုပ်ရဲ့အပြုံး
၆။ ပေါက်ဈေးကြည့်ရင်ခုန်တတ်သော အချစ်စစ်များ
၇။ လူတန်းစားမရွေးစားသုံးနိုင်သော ဟာသများ
၈။ လင့်ခရူဆာစီးလာသော တောကြောင်များ
၉။ ပိုက်ဆံအိတ်ခါးထိုးထားသော ခိုများ
၁၀။ ခေတ်စားနေသော အတွင်းခံဘောင်းဘီကြွားဝါမှုဖက်ရှင်
၁၁။ လူကိုကြော်ငြာနေသော ကုန်ပစ္စည်းများ
၁၂။ သေမင်းနဲ့ပိုတူလာသောဆရာဝန်
၁၃။ ကျည်အပြည့်နဲ့ကျီးလန့်စာစားနေရသော သေနတ်တစ်လက်
၁၄။ ပိုးမွှားကြောက်တတ်သော MPT မှလူကလေး……..စသည် စသည်ဖြင့်
လိုအပ်သည်များကို မှာယူသုံးဆောင်နိုင်ပါသည်
စားသုံးသူနှင့်စားသောက်ကုန်
အသုံးပြုသူနှင့် အသုံးပြုခံ
ရောပြွမ်းနေသော ယနေ့တွင်
သင်သည်လည်း တံဆိပ်တုတပ်ထားသော
ကုန်ပစ္စည်းတစ်ခုမျှသာ။

  • ဦးမင်းလူကဗျာတွေဖတ်နေရသလိုခံစားချက်မျိုးကို ပေးန်ိုင်တယ်.. တော်တော်တွေးတတ်တဲ့ဦးနှောက်ပဲ… စာကြောင်းတိုင်းကိုကြိုက်တယ်…