ဇာတ်ဝင်တေး

တိမ်တွေက ရွာတော့မလိုနဲ့
လေမြူဆွယ်ရာ
ကောက်ကောက်ပါသွား
ကံကြမ္မာလမ်းလွှဲမှာ
မိုးမျှော်သူ
ပက်ကြားအက်လေးခမျှာ
သက်ပြင်းတရှိုက်ရှိုက်နဲ့
အသည်းငယ်လွန်းတဲ့
သစ်ရွက်လေး တွေကတော့
နာကျည်းစိတ်နဲ့
ခြောက်ထဲ ခုန်ချကုန်ပြီ
ငှက်ကလေးတွေမှာသာ
ဝမ်းနည်းပက်လက်
အသိုက်အမြုံကိုစွန့်ခွာခဲ့ရ
ဟင်းလင်းပြင်ကြီးလည်း
သောကတွေကို ကြပ်ထုပ်ထိုးရင်း
ဝေဒနာသက်သာလိုငြား
မီးတောက်တွေကိုပဲ ခပ်သောက်နေတယ်
ဒီလိုရာသီမျိုးမှာ
ဘယ်နီရိုးဘုရင်မှ
တယောထိုးမနေနိုင်ဘူး
ယုံကြည်ရာ ရွက်လွင့်တဲ့
ပင်လယ်တွေ
ကမ်းဝေးနေဆဲ
သူဖုန်းစားတစ်ယောက်သာ
ခပ်တည်တည်နဲ့
နေမင်းကို
အိပ်ထဲ ကောက်ထည့်သွားတယ် ။