တစ်ပိုင်းတစ်စ ပြဇာတ်

ရင်တစ်တောလုံး (စကားလုံးတွေနဲ့) လောင်မြိုက်ချိန်
ငါ့ ရုပ်တစ်ကိုယ်လုံးလည်း တဖြေးဖြေး ပြာကျလို့
“ဓားကို ကျောက်နဲ့သွေးပြီး လူကို လူချင်းသွေးရ” သတဲ့၊

ဒီလို မကြားသောအရပ် မမြင်သောရာသီမှာ
ကမ္ဘာမြေရဲ့ အမေ့လျော့ခံအနမ်းတွေ
အမြဲတမ်း သေဆုံးရဲ့ မဟုတ်လား။

ချစ်သော ဒီဇင်ဘာရယ်
(…………………………….)
ဟိုးတုန်းက နှင်းကိုပဲ လွမ်းတယ်။

  • ဒီဇင်ဘာဆိုတာ အမည်က မပြောင်းလဲပေမဲ့ ကျဆင်းတဲ့နှင်းတွေက ပြောင်းလဲခဲ့ပြီ။
    ဟိုးတုန်းက ကျခဲ့တဲ့ နှင်းတွေ မဟုတ်တော့ဘူး
    ဟိုးတုန်းကလိုလည်း မဖြူစင်တော့ဘူး
    မချမ်းမြေ့တော့ဘူး..
    အပူငွေ့တွေ အသက်သွင်းလို့ အက်ဆစ်နှင်းတွေဖြစ်နေပြီ……….

  • မိုးအကုန် ဆောင်းအကူး
    လေပြေညင်းလေး တိုးဝှေ့ကာ
    အအေးဓာတ်လေး သူ ပေးရှာ
    နှင်းတွေ ဝေသော ဟိုးတစ်ချိန်မှာ
    လွမ်းစရာတွေ ပုံနေမှာ
    ကဗျာ ဆရာ ရင်ထဲ အစဉ်အမြဲရှိနေတာ
    အမှန်အကန် သိပါ့ဗျာ……

  • ကဗျာမရေးတတ်လို့ပဲဗျာ
    ရေးထားလိုက်တာ ကျုပ်လဲ ဟောဟဲလိုက်နေပြီ
    ခြုံပြောရရင်တော့ ခြေသံလုံတဲ့ နှင်းကို မုန်းချင်တယ်

  • ရန်ကုန်ဆောင်းကြီးက လွမ်းချင်စရာ မကောင်းဘူးဗျာ …….

  • nyiminkha

    အရင်က ဒီကဗျာကို နတ်ဝှက်ထားတဲ့ ကဗျာလို့ အမည်ပေးထားတယ်။ မောင်ချောနွယ် ကဗျာခေါင်းစဉ်နဲ့ လုံးဝတူနေတယ်လို့ တစ်ယောက်က ပြောတယ်။ မရှက်ဘူးလား တဲ့၊ ကျွန်တော် တကယ် မသိခဲ့ကြောင်းပါ၊ ကဗျာတွေ အများကြီး လိုက်ဖတ်ဖူးတော့ မထင်မှတ်ပဲ စိတ်ထဲရောက်နေတဲ့ ခေါင်းစဉ်တစ်ခုကို ကိုယ့်ကိုယ်ပိုင်အဖြစ်နဲ့ သုံးမိခြင်း ဖြစ်နိုင်ပါတယ်။ နားလည်နိုင်ကြလိမ့်မယ် လို့တော့ မျှော်လင့်ရတာပါပဲ။ ကျွန်တော် ပြောချင်တာက ဒီကဗျာနဲ့ ပတ်သက်လို့ ကျွန်တော့်ဘက်က လုံးဝ ရိုးသားတယ် ဆိုတာပါပဲ။ အခုတော့ ဒီနာမည်ကို ပြန်ပြောင်းလိုက်ပါတယ်။ တကယ်တော့လည်း ဘာမှတော့ မဟုတ်ပါဘူး။