လ္ဘက်ရည်ဆိုင်ရဲ့ ညဦး

အဖန်တရာ လုပ်စားထားသော
ခေတ်ပေါ် သီချင်းသစ်နဲ့ ကြိုနေတယ်
နေ့စား ကာယအလုပ်သမား ရပ်ကွက်ရဲ့
အပန်းဖြေ နားခိုရာ ကမ်းခြေ
တစ်ခါတစ်ရံက လွဲလို့
မျက်နှာဖုံးအတုတွေ မရောင်းဘူး
မဝယ်ဘူး
တန်ရာတန်ရာ ရမ္မက်အတွက်
တန်ရာတန်ရာ အလှတော့ရှိတယ်
တန်ရာတန်ရာ ပိုက်ဆံအတွက်
တန်ရာတန်ရာ အဟာရရှိတယ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ဖို့
ပရီးမီးယားလိဂ် ရှိတယ်
ရင်တွင်းဖြစ် ဝါကျအဟောင်းများနဲ့
သဘာဝကျကျ မိုက်မဲမှုတွေရှိတယ်
အီဂျစ်နိုင်ငံတွင် လုပ်သော
အိုဘားမား မိန့်ခွန်းကို
ဒီမှာ ဝယ်ချင်လို့မရ
နျူကလီးယား ဓာတ်ပေါင်းဖို မရှိ
ဒဂုန်တာရာ မရှိ
အတွေးခေါင်နေသော ဒဿနဆရာ မရှိ
ဖြန့်ထွက်တွေးနေဖို့ အချိန်မရ
စကားထာဝှက်ရင်း အာချောင်နေသော ကဗျာဆရာ မရှိ
အဖြေပေးဖို့ နှောင့်နှေးနေသော အင်တာနက်က ကောင်မလေးလည်း  မရှိ။
ဥပုသ်နေ့ ဓမ္မာရုံမှာ တရားပွဲ ရှိတယ်
လူငယ်တွေရဲ့ ကုသိုလ်ရေး ညီညွတ်မှုတွေ ရှိတယ်
ဒီတစ်ဂိုးတည်းနဲ့ ချန်ပီယံပဲ
ဒီည ဇာတ်ကားပြီးရင်
ပြေတီဦး အကြောင်းပြောရင်း အိမ်ပြန်မယ်
မနက်ဖြန် ဆန်မရှိလည်း
အေးရာအေးကြောင်း။

 

  • ဥပုသ်နေ့ ဓမ္မာရုံမှာ တရားပွဲ ရှိတယ်
    လူငယ်တွေရဲ့ ကုသိုလ်ရေး ညီညွတ်မှုတွေ ရှိတယ်
    ဘိလိယက်ခုံတွေလည်း ရှိတယ်..
    လေထဲမျောသွားမယ့် ဝေါဟာရအကျိုးအပျက်တွေလည်းရှိတယ်…. 😛

    ဒါနဲ့ဆီဗုံးက widgetize any htmlဆိုတဲ့ plug inလေးဒေါင်းပြီးထည့်ရတာနော်.. (ဆရာလုပ်တာမဟုတ်ရပါ၊ ဘလော့လေးပြင်ပြီးသွားတာ မြင်ချင်လို့ပါ)မြန်မြန်အဆင်ပြေပါစေ…..

  • ခင်ဗျားကဗျာတွေကို ကောင်းတယ်မကောင်းဘူး မပြောလိုဘူး။ ဒါပေမဲ့ ကျွန်တော်တော့ အတော်ကြိုက်တယ်ဗျ…။ ကျွန်တော် ရှည်ရှည်ဝေးဝေးတွေ စကားပြေ ပြန်ကြည့်မနေတော့ဘူး။
    ကဗျာကို စော်ကားသလိုဖြစ်နေမှာ စိုးလို့ပဲ…။ အတွေးခေါင်နေတဲ့ ဒဿနဆရာမှ ဖြန့်တွက် တွေးဖို့အချိန်မရှိ…။ သူ့ဦးနှောက်ကြီးကိုယ်တိုင်က ကန့်သတ် ပြီးသားဖြစ်နေပြီကိုး….။

  • ကဗျာတွေ လာခံစားသွားတယ်

  • c box လည်းမတွေ့ပါလားဗျာ