လမ်းကလေး

အလိုတူသည်ဖြစ်စေ မတူသည်ဖြစ်စေ
မိုးရွာတိုင်းရေချိုးရလွန်းလို့
အဆုတ်က ခဏခဏအအေးပတ်တယ်
နေပူရင်ကျောကော့အောင်
အငွေ့ပျံ ကျွမ်းလောင်ရ
နတ်ဘုရားတွေ့ရဲ့ အမေ့လျော့ခံရင်မြေပေါ်
အမှိုက်မျိုးစုံ ဝိုင်းဝန်းပစ်ချကြ
နှလုံးသားကို ချိုင့်ခွက်စေတဲ့
အရောင်အသွေးစုံခြေသံများ
အဲဒီခြေသံကိုပဲ
ဆောင်းဦးတေးသံလိုချိုမြရင်း
ကိုယ်ခံအားနည်းလွန်းတဲ့လမ်းခလေးခမျာ
တစ်ခါတစ်ခါ ‘ဝဋ်ရှိသရွေ့ပေါ့’လို့ပြောတယ်
လူခြေတိတ်ချိန်စောင့်ပြီး
ကြယ်တွေနဲ့ စကားပြောမယ်ကြံခါမှ
သူ့ကောင်းကင်မှာ
ကြယ်တစ်လုံးတောင်လင်းဖော်မရဘူး။