(၂၁)ရာစုအင်းဆက်များ

ဘယ်နှစ်ပေရှည်မှန်းမသိတဲ့ဘဝမှာ
ငါတို့ရတာက
အနာတစ်ခြားဆေးတစ်ခြား
ဒီလို…အတိတ်မေ့ဝေဒနာသည်ဖြစ်ခဲ့
ဆက်ရန်တွေကိုဆက်ခဲ့
မက်ရန်တွေကိုမက်ခဲ့
အလင်းအားချို့တဲ့သောနေရာများ၌
အဝိဇ္ဖာတွေပိုလို့လင်းခဲ့
မထူးဆန်းသောအဖျက်အပျက်များ
အရေးကြီးသော အရေးမကြီးမှုများ
အရေးမကြီးသော သံဝေဂများ
ရောထွေးပစ်ခဲ့
မင်းလဲမင်း
ငါလဲငါ
သူလဲသူ
ကိုယ်လုပ်တာ ကိုယ်ထင်ကြ
မေးခွန်းကို အမောတကောလိုက်ရှာနေတဲ့
အဖြေများစွာ
အသစ် အသစ်သောအမည်နာမများ နောက်သို့
လိုက်ရင်းဝေးနေတဲ့ ခြေလှမ်းများ။