ဒီလိုပါပဲ ခင်ဗျားလည်း

ဒီလိုပါပဲ ဆိုတာနဲ့ပဲ
သင်ခန်းစာတွေက မဟောင်းနိုင် မဆွေးနိုင်
မျက်လုံးတစ်လုံးတည်းနဲ့ နေလို့ထိုင်လို့ အဆင်ပြေနေတော့လည်း
ကျန်တစ်လုံးကို အလွယ်တကူ ကန်းထားလိုက်ကြ
နားတစ်ဖက်တည်းနဲ့ အဆင်ပြေနေတော့လည်း
နားတစ်ဖက်ကို အလွယ်တကူ ပိတ်ထားလိုက်ကြ
ထားလိုက်ရပါတယ်
လူသတ်သမား ဗရိုင်းဗစ်တောင်
သူ့ကိုယ်သူတော့ မှန်တယ် ထင်တာပဲ
တရံရောအခါက အက်ဒီဆင်လည်း
ယုံကြည်ချက်ကို ကာကွယ်ဖို့
အကြံပက်စက်ခဲ့သေးတော့
ခင်ဗျားလည်း တစ်ကြိမ်တစ်ခါ
မှားယွင်းချင်ရှာမှာပေါ့
တကယ်ဆို နေ့စဉ်ဘဝတွေလောက်
ဘယ်ခံစားမှုကမှ ပိုမကြီးကျယ်နိုင်ဘူး မဟုတ်လား
အရေးကြီးတာတွေ တကယ် အရေးမကြီးနိုင်တော့တဲ့အခါ
လောကဓံဆိုတဲ့ကောင်ကို
ငါတို့ရှေ့က လဘက်ရည်ခွက်တွေလို မော့သောက်ပစ်လိုက်ဖို့
လက်ကျန်အင်အား နည်းနည်းတော့ လိုမယ်
ခက်နေတာက အစာအိမ်ချင်း ကိုယ်ချင်းစာဖို့
ခက်နေသေးတဲ့ ကိစ္စဆိုတာကလည်း
မေတ္တာတရားကိုယ်တိုင်က ရေငတ်နေတုန်း ဆိုတော့………။

  • ကိုညီမင်းခ … ကဗျာရေးတာလည်း ကောင်းတာပဲဗျ … ။ နည်းပညာအကြောင်းတွေပဲ ပြောတာလား လို့ …။

  • မေတ္တာတရား ကိုယ်တိုင်က ရေငတ်နေတုန်းဆိုတော့… အလွယ်တကူ ပိတ်ထားလိုက်ကြ … အလွယ်တကူ ကန်းထားလိုက်ကြ … ခက်နေတာက အစာအိမ်ချင်း ကိုယ်ချင်းစာဖို့ …