ဒီလိုပါပဲ ခင်ဗျားလည်း

ဒီလိုပါပဲ ဆိုတာနဲ့ပဲ
သင်ခန်းစာတွေက မဟောင်းနိုင် မဆွေးနိုင်
မျက်လုံးတစ်လုံးတည်းနဲ့ နေလို့ထိုင်လို့ အဆင်ပြေနေတော့လည်း
ကျန်တစ်လုံးကို အလွယ်တကူ ကန်းထားလိုက်ကြ
နားတစ်ဖက်တည်းနဲ့ အဆင်ပြေနေတော့လည်း
နားတစ်ဖက်ကို အလွယ်တကူ ပိတ်ထားလိုက်ကြ
ထားလိုက်ရပါတယ်Continue Reading

နှင်းရဲ့ အတွင်းလူနာ

နှင်းရဲ့ တဖွဖွခြေသံတွေ ဆင်းသက်ပျံဝဲစဉ်
တိတ်တဆိတ် လောင်းကျွမ်းနေကျ နှလုံးသားမှာ
ခုမှ နိုးထခဲ့လေသလား၊ အိပ်ပျော်နေဆဲလား မဝေခွဲနိုင်
ရောက်ရာအရပ်က ငရဲဘုံလား၊ နတ်လမ်းမလား မသိနိုင်။Continue Reading

တစ်ပိုင်းတစ်စ ပြဇာတ်

ရင်တစ်တောလုံး (စကားလုံးတွေနဲ့) လောင်မြိုက်ချိန်
ငါ့ ရုပ်တစ်ကိုယ်လုံးလည်း တဖြေးဖြေး ပြာကျလို့
“ဓားကို ကျောက်နဲ့သွေးပြီး လူကို လူချင်းသွေးရ” သတဲ့၊Continue Reading

ဆေးလိပ်မီးခိုးထဲ ပျော်ဝင်သွားတဲ့ အသံ

အာရုံကို အနားပေးမယ် လုပ်ကာမှ
ခင်ဗျားက အာရုံကို လာနှောင့်ယှက်တယ်
ဓနိဘောင်ဒုတ်လို ဘဝမျိုး
ဘယ်သူက “စက်” လာတပ်ပေးမလဲ
ဘယ်သူက “ပဲ့” လာဆင်ပေးမလဲ
သူလည်း ပင်လယ်ကို အိပ်မက်ခွင့်တော့ ရှိသင့်ရဲ့ မဟုတ်လား။Continue Reading

လ္ဘက်ရည်ဆိုင်ရဲ့ ညဦး

အဖန်တရာ လုပ်စားထားသော
ခေတ်ပေါ် သီချင်းသစ်နဲ့ ကြိုနေတယ်
နေ့စား ကာယအလုပ်သမား ရပ်ကွက်ရဲ့
အပန်းဖြေ နားခိုရာ ကမ်းခြေ
တစ်ခါတစ်ရံက လွဲလို့
မျက်နှာဖုံးအတုတွေ မရောင်းဘူး
မဝယ်ဘူး
တန်ရာတန်ရာ ရမ္မက်အတွက်
တန်ရာတန်ရာ အလှတော့ရှိတယ်Continue Reading