ခေါင်းစဉ်မဲ့ ခေါင်းစဉ်

အမှားကိုယ်စီနဲ့ မှန်နေကြတဲ့ လောကထဲ
ဒုက္ခကို မုန့်ဖိုးပြတ်တာလောက်
ကြုံဖူးတဲ့ ကလေးတစ်ယောက်ဟာ
တက်ကျမ်းတွေထဲက စကားလုံးထူထူတွေရဲ့
မှော်စွမ်းအားကို ရှာဖွေနေမယ်
ကမ္ဘာတစ်ခုလုံးပြာကျခဲ့ပြီး
ဖျာတစ်ချပ်စာတောင် ပြန်မရတဲ့
အညတရအရူးတစ်ယောက်ကတော့
အရာရာကို မယုံ ကြည်မှုရဲ့ အရေးပေးခံနေရမယ်
ဖြစ်နိုင်ရင်
မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ ပညာရှိကြီးနဲ့
မကြွေချင်ဘဲ ကြွေခဲ့ရတဲ့ ခရေတစ်ပွင့်အကြောင်း
နွေရာသီမှာမှ ပွင့်ရတဲ့ ဆီးနှင်းတစ်ပွင့်အကြောင်း
ဆွေးနွေးချင်နေမယ်Continue Reading

အငွေ့သက်သက်အိပ်မက်များ

နေပူကျဲကျဲ
အဖြေမဲ့ ခြေသလုံးကြွက်သားတွေ
နေမင်းကတောင် ပြန်အရှုံးပေးရမယ့်အထိ
သူအ မက်တဲ့ အိပ်မက်နဲ့
ထိုးထိုးထောင်ထောင် ကြွယ်ဝနေပုံ၊

တစ်ခါတစ်ခါ နွံအိုင်ထဲက ဘဝတွေအကြောင်း
တစ်ခါတစ်ခါ ဝတ္ထုစာအုပ်ထဲက အချစ်အကြောင်း
တစ်ခါတစ်ခါ ပေါ့ပျက်ပျက် မိန်းမများအကြောင်း
တစ်ခါတစ်ခါ ဝိုင်မဖြစ်သေးတဲ့ စပျစ်သီးများအကြောင်း
တစ်ခါတစ်ခါ စိတ်ကို အိုးမည်းသုတ်တဲ့ အကုသိုလ်တွေအကြောင်း
ခေါင်းစဉ်က ဟာသလိုလို သံဝေဂလိုလို၊Continue Reading

ကျွန်တော်ဝယ်မစားနိုင်တဲ့အချစ်တစ်ပွဲ

နှစ်ဆယ်တစ်ရာစုမှာ
တခြားကုန်ဈေးနှုန်းများနည်းတူ
အချစ်ဈေးနှုန်းတွေလည်း
အားကျမခံ
မိုးထိအောင် ခေါင်စိုက်
အလေ့ကျ လမ်းဘေးမေတ္တာနဲ့
ဝယ်သောက်လို့မရ
အချစ်က
လင့်ခရူဆာထဲမှာ
ဆီဒိုးနား ဟိုတယ်မှာ
လကမ္ဘာ နိုက်ကလာပ်မှာ
(26)လမ်း ဘီယာဆိုင်မှာContinue Reading

ချုပ်ရိုးပြတ် မြင်ကွင်း

ညက
လူပြိန်းကြိုက် သီချင်းတွေနဲ့
လက်ဘက်ရည်ဆိုင်မှာ ဆူညံတယ်
ဂျင်းဘောင်းဘီဝတ်ကောင်မလေးတစ်ယောက်ရဲ့
စိတ်ဝင်စားဖွယ်မြူဆွယ်မှုအလှမှာ
ပါးစပ်သေနတ်တွေ
စိတ်ထင်ရာပစ်ဖောက်ကြ
ဒီကြားထဲ C Am F G နဲ့
အဲရစ်ကလက်ပတန်လို ကတ်ကိုဘိန်းလိုလို
ငနဲတွေကလည်း လက်စွမ်းပြလိုပြContinue Reading

ဆာလံသီချင်း

အဲသည်မှာ
လေရဲ့ မှုတ်ထုတ်ငြိမ်းသတ်ခံလိုက်ရတဲ့
အလင်းရောင်တစ်ခုရှိရဲ့
မွန်းတိမ်းချိန်မှာ
အမူးသမားတစ်ယောက်
စွန့်ခွာထွက်သွားတဲ့
ဖုန်းဆိုးမြေပေါ်က ထမင်းဆိုင်တစ်ခုလည်းရှိရဲ့
မီးလောင်ကြမ်းပြင်ပေါ်မှာ
ပင့်ကူတွေ ပြည့်နက်နေတဲ့ တွင်းမည်းကြီးပေါ်မှာ
“မြုံ” နေတဲ့ စပျစ်ခြံတစ်ခုလည်းရှိရဲ့
နွားနို့နဲ့Continue Reading