Parse error: syntax error, unexpected

parse error syntax errorမကလိရရင် မနေနိုင်သည့် ဥာဉ်အတိုင်း .htaccess မှာ security code တစ်ချို့ထည့်တယ်။ နောက် theme/functions.php မှာလည်း ကုတ်တွေ ထည့်တယ်။ ပြဿနာက ဒီက စတာပဲ။ ကျွန်တော် ထည့်လိုက်တဲ့ ကုတ်မှာ < ဆိုတာလေးတစ်ခု မမျှော်လင့်ပဲ အပိုပါသွားတာ မသိလိုက်ဘူး။ refresh လုပ်ပြီး ပြန်ကြည့်လိုက်တော့ “Parse error: syntax error, unexpected ‘<‘ in /home/my host name/public_html/(my website)/wp-content/themes/my themename/functions.php on line 228″ တဲ့။

ဖြစ်ဖြစ်ချင်း functions.php ရဲ့ line 228 မှာ ပြန်ပြင်တယ်။ ကွန်နက်ရှင်တွေ အရမ်းနှေးနေချိန်မို့လား မသိ။ မရတော့ဘူး။ log in တောင် ဝင်လို့ မရတော့ဘူး။ နောက်နေ့ ပြန်ဖွင့်ကြည့်တော့လည်း ဒီစာကြောင်းပဲ ပြနေတယ်၊ ဒါနဲ့ ftp ကနေသွားပြီး၊ အရင်က လျှောက်ထည့်ထားတဲ့ security code တွေကို အကုန်ပြန်ဖြုတ်ပစ်တယ်။ functions.php ဆိုတဲ့ ဖိုင်ကိုလည်း အသစ်ပြန်တင်တယ်။ theme တစ်ခုလုံးကို delete လုပ်တယ် plug in တွေ အားလုံးကိုလည်း ဖြုတ်ပစ်တယ်။ ဘာလုပ်လုပ် ဘာမှ ထူးမလာဘူး။ ဒီစာကြောင်းပဲ ပြနေတော့တယ်။

delete

ဖြေရှင်းနည်းတွေ လိုက်ရှာကြည့်တော့လည်း functions.php ကို အသစ်ပြန်တင်။ နောက်ဆုံး မရရင် အဲဒီ theme ကို delete လုပ်၊ ဒါမှမဟုတ် rename ပြောင်း ဆိုတာတွေပဲ တွေ့တယ်။ ကျွန်တော်က လုပ်ပြီးနေပြီ၊ မရလို့ပါ ဆိုမှပဲ။ ဒီ error နဲ့ ပတ်သက်လို့ အသိတစ်ခုတော့ တိုးလာပါတယ်။ ဒီလို Parse error: syntax error, unexpected ဆိုတာမျိုးဟာ functions.php မှာသာ မဟုတ်ဘူး၊ index.php header.php စတဲ့ php ဖိုင်တွေမှာ မှားရင် ဖြစ်နိုင်တယ် ဆိုတာပါ။ မသိသေးသူများ ဒီပို့စ်ရဲ့ အဆုံးက လင့်တွေမှာ သွားကြည့်နိုင်ပါတယ်။ သူများတွေ ဆွေးနွေးထားကြတာပါ။

ကျွန်တော့်အနေနဲ့ စဉ်းစားလို့မရတာက တခြားသူတွေမှာ ဒီလိုဖြစ်ရင် ဒီလိုလုပ်လို့ ရပေမယ့် ကျွန်တော့်မှာ ဘာလို့ မရတာလဲ ဆိုတာပါပဲ၊ ဆာဗာနဲ့ ကျွန်တော်နဲ့ ကြားမှာ မှားယွင်းမှု တစ်ခုခုများ ဖြစ်နေမလား မသိဘူး၊ သေချာအောင် မေးကြည့်ရဦးမယ်။

http://wordpress.org/support/topic/cant-access-webpage-or-wp-admin
http://wordpress.org/tags/syntax-error
http://wordpress.org/tags/parse-error-1