rss feed error

feedဒီပြဿနာက ဆိုက်တစ်ခုလုံး ပျက်သွားတဲ့ ပြဿနာ မျိုးတော့ မဟုတ်ပါဘူး၊ ဆိုက်ကို Rich Site Summary လို့ခေါ်တဲ့ RSS ပုံစံနဲ့ ကြည့်လို့ မရတာလောက် ပါပဲ၊ ဆိုက်တစ်ခုလုံး ပျက်သွားတာ မျိုးလည်း မဟုတ်၊ ဒီမှာက သိပ်သုံးကြတဲ့ ပုံစံမျိုးလည်း မဟုတ်တော့ တစ်ချို့တွေဆို ကိုယ့်ဆိုက်က rss ပြဿနာတက်နေလို့ တက်နေမှန်း သိချင်မှတောင် သိပါလိမ့်မယ်။ RSS ဆိုတာဘာလဲ၊ သူ့ကြောင့် ဘာအကျိုး ကျေးဇူးတွေ ရလဲ ဆိုတာကို သိချင်ရင်တော့ ဒီလင့် ဒီလင့်တွေမှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။

ကျွန်တော် ပြောနိုင်တာကတော့ ဒီပြဿနာ ဖြစ်နေရင် ကိုယ့်ဆိုက်ကို လာပြီး subscribe လုပ်ထားတဲ့ လူတွေဆီကိုလည်း ပို့စ်အသစ်တင်တဲ့ အခါ အီးမေးလ် ပို့မပေးနိုင်တော့ပါဘူး၊ နောက်ပြီး permalink တို့၊ search engine အနေနဲ့လည်း ကောင်းစွာ အလုပ်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ RSS နဲ့ ပတ်သက်တာကို ရှာကြည့်ရင် နောက်ထပ် အများကြီး တွေ့ရမှာပါ၊ ကျွန်တော် အများကြီး မရှင်းပြတတ်လို့ ခုလိုပဲ ပြောရတာပါ၊ ဒါဆို ဘာလို့ ပြောနေသေးလဲ ဆိုတော့ ကျွန်တော့်မှာ ဒီပြဿနာ ဖြစ်ခဲ့လို့ ကျွန်တော် ဒီလို ရှင်းခဲ့တယ် ဆိုတာလေး ပြန်လည် ဝေမျှချင်လို့ပါပဲ။

ကျွန်တော်က  wp မှာ ဖြစ်တာဆိုတော့ wp နဲ့ ပတ်သက်တဲ့ rss ပြဿနာကို လိုက်ရှာ ဖတ်ပါတယ်၊ ဘာလို့ rss feed က အလုပ်လုပ်နေရာကနေ အလုပ်မလုပ်နိုင်ပဲ ဖြစ်သွားရတာလည်း ဆိုတော့ ကျွန်တော်တို့ plug in တွေ theme တွေကို install လုပ်လိုက်လို့၊ ဒါမှမဟုတ် update လုပ်လိုက်လို့၊ ဒီဟာတွေကြောင့် တစ်ခါတရံမှာ ကျွန်တော်တို့ wp ရဲ့ php ဖိုင်တွေမှာ space line တစ်ခုဖြစ်ပေါ်သွားတတ်တယ် လို့ ဆိုပါတယ်။ အဲဒီ space line ကြောင့် rss က အလုပ်မလုပ်တော့တာပါ။ ဖြေရှင်းရမယ့် အဓိက အချက်ကတော့ wp ထဲပါတဲ့ php ဖိုင်တွေ တော်တော် များများကို လိုက်စစ်ရမယ်လို့ ဆိုကြတယ်၊ တစ်ချို့ကလည်း plug in သုံးပြီး ဖြေရှင်းဖို့ ညွှန်းကြတယ်၊ ကျွန်တော်က ဘာမှသာ မဟုတ်တာ plug in သုံးရတာကို သိပ်မကြိုက်တဲ့ ကောင်ဆိုတော့ ဒီအတိုင်းပဲ ကုတ်တွေကို လိုက်စစ်ဖို့ ကြိုးစားကြည့်သေးတယ်၊ ဒါပေမယ့် နောက်ဆုံး အဆင်မပြေတော့ ကျွန်တော်လည်း ဒီ plug in ကို သုံးလိုက်ရတာပါပဲ။

plug in

plug in သုံးနည်းကတော့ တော်တော်လွယ်ကူပါတယ်၊ ဆွဲပြီးလို့ install လုပ်ပြီးရင် settings ထဲက သူ့နေရာကို သွားပြီး Fix wordpress rss feed error ဆိုတာကို ကလစ်ပေးလိုက်ရုံပါပဲ။ ဒီလိုဆိုတော့လည်း လွယ်တော့ အလွယ်သား။ ဒါလောက်ပါပဲဗျာ။