ကိုယ်ပိုင် ဒိုမိန်း အီးမေးလ်နဲ့ gmail ကို ချိတ်ပြီးသုံးမယ်

ထုံးစံအတိုင်း သိပြီးသား လူတွေအတွက် မဟုတ်ပါဘူးဗျာ၊ ကိုယ်ပိုင် hosting နဲ့ website တစ်ခုရှိတယ်၊ အဲဒီ ဝက်ဘ်ဆိုက်နာမည်နဲ့ အီးမေးလ်ကို သုံးချင်တယ်၊ ပိုက်ဆံလည်း အကုန်မခံချင်ဘူး၊ ဘယ်လို လုပ်ရမှန်းလည်း ခုထိ မသိသေးဘူး ဆိုသူတွေအတွက်ပါ။ ကဲ ရှည်ရှည်ဝေးဝေး​​ပြောမနေတော့ဘူး၊ အဆင့် () ဆင့်ပဲ ရှိပါတယ်၊ စ လိုက်ကြရအောင်….၊

၁။ ကိုယ်ပိုင် ဒိုမိန်းနဲ့ အီးမေးလ်အက်ကောင့် လုပ်မယ်

၁။ hosting control panelကို log in ဝင်ပါ၊

Email ဆိုတဲ့ အောက်က Email Accounts ကို နှိပ်ပါ၊

၃။ ပုံထဲကလို အက်ကောင့်သစ်အတွက် အချက်အလက်တွေ ဖြည့်ပြီး Create Account ကို နှိပ်ပါ၊

၄။ Success! Account Created ကို တွေ့လိမ့်မယ်၊

၅။ back ပြန်ထွက်ပြီး Forwarders ဆိုတာကို နှိပ်ပြီး Add Forwarder ကို နှိပ်ပါ

။ ပုံထဲကလိုပဲ ထပ်ဖြည့်ပေးပါ forward to email address မှာ ကိုယ်အမြဲသုံးနေတဲ့ gmail address ကို ထည့်ပါ၊

ဒီလို ဖြည့်လိုက်ပြီးရင် ကိုယ် အခုလုပ်ထားတဲ့ email နဲ့တဲ့ စာမှန်သမျှ ကိုယ့် gmail ထဲ ရောက်လာပါလိမ့်မယ်။

၂။ ကိုယ်ပိုင် ဒိုမိန်း အီးမေးလ်နဲ့ gmail ကို ပေါင်းစပ်မယ်

၁။ gmail account ကို ဝင်၊

၂။ Settings ထဲက Accounts and Imports ကို သွားပါ

၃။ Send Mail As ဆိုတာရဲ့ ညာဘက်က Add Another Email Address ကို နှိပ်ပါ၊ ပေါ်လာတဲ့ box ထဲမှာ ကိုယ်ပိုင် ဒိုမိန်းနဲ့ လုပ်ထားတဲ့ အီးမေးလ်ကို ဖြည့်ပြီး Next Step ကို သွားပါ၊

၄။ ဒီအဆင့်မှာတော့ ကိုယ့်ဝက်ဘ်ဆိုက်အီးမေးလ်လိပ်စာ အပြည့်အစုံနဲ့ password ကို ထည့်ပေးပါ၊

၅။ verify ကုတ်ကို gmail inbox မှာ စာတစ်စောင်နဲ့အတူ ရောက်နေပါလိမ့်မယ်၊ ကူးယူပြီး ထည့်ပေးလိုက်ပါ၊ ပြီးရင် အောက်နားက confirm link ကို နှိပ်ပြီး confirm လုပ်ပေးလိုက်ပါ။

gmail ကို ကိုယ်ပိုင် ဝက်ဘ်ဆိုက်အီးမေးလ်လိပ်စာနဲ့ အသုံးပြုနိုင်ပါပြီ။ အားလုံးပဲ အဆင်​​ပြေကြပါစေ။