လရောင်

အဖြူရောင် မှော်မီးခိုးလက်ချောင်းတွေ
ညကို ညနှင့် ထိုင်မျှားနေတဲ့ ညပေါ်အုပ်မိုး
အင်းဆက်တစ်ကောင်ရဲ့ မီးကျွမ်းအသည်းကို ဆွဲထုတ်
နို့နစ်ရေနှင့် ပြန်သခဲ့၊
သောကတိမ်ခိုးတို့စစ်ရှုံးတဲ့ညက
ကမ္ဘာမြေကို ပန်းမိုးတစ်ရှိုက်နှစ်ရှိက် ရွာခဲ့တယ်။