wp-admin ဖြင့် ဝင်၍ မရခြင်း

ဒီပြဿနာဟာလည်း sub domain သုံးတုန်းက ကြုံတွေ့ရတဲ့ ပြဿနာပါပဲ။ ထုံးစံ အတိုင်း ကျွန်တော်က အားနေရင် CSS ပြင်လိုက်၊ PHP တွေထဲ ဝင်ပြီး မြန်မာလိုတွေ ဝင်ပြောင်းလိုက် လုပ်လေ့ရှိပါတယ်။ ကိုယ်ကလည်း ဒီလောက်ပဲ လုပ်တတ်တာလေ၊ သူများတွေလို theme တစ်ခုလုံး ရေးနိုင်တာမှ မဟုတ်တာ။ ဒီတော့ စမ်းတဝါးနဲ့ ဒီလိုပဲ လျှောက်ပြင်နေရတာပေါ့။

အခုပြဿနာက CSS တွေ PHP တွေ ပြင်လိုက်တာနဲ့ ပတ်သက်နေလား၊ မပတ်သက်ဘူးလား ဆိုတာတော့ ခုထိ မသိသေးဘူးဗျ။ (တော်လိုက်ပုံများ မပြောပါနဲ့တော့)

ဒီလိုလေ၊ ကျွန်တော့်ဘလော့ဂ်ကို ခင်ဗျား သတိထား ကြည့်မိလား မသိဘူး။ sidebar login တို့၊ meta တို့ဆိုတဲ့ widget တွေ ထည့်မထားဘူးလေ။ ဘလော့ဂ်ကို ဝင်တဲ့အခါ address bar ထဲမှာ http://nyiminkha.net/ နောက်က wp-admin (သို့မဟုတ်) wp-login.php လို့ ရိုက်ထည့်ပြီး ဝင်တယ်။ (ဟဲ ဟဲ ဘာမှ မသိတဲ့ လူတွေက ဆရာကြီးလို့ အထင်ခံရတာ နည်းမှတ်လို့) အဲဒီလို ဝင်နေရင်းကနေ တစ်နေ့တော့ /wp-admin လို့ ရိုက်ပြီး login box ပေါ်လာတာနဲ့ username နဲ့ password ကို ရိုက်ပြီးဝင်တာ ဘယ်လိုမှ ဝင်လို့ မရတော့ဘူး။ username ရော၊ password ပါ ပျောက်ပျောက်သွားတယ်။ browser ကြောင့်များလား ဆိုပြီး ပြောင်းသုံးကြည့်တော့လည်း ဒီအတိုင်းပဲ။ နောက် တစ်ခြားနေရာတွေမှာလည်း လိုက်သုံးကြည့်သေးတယ်။ ဘာမှ ထူးမလာဘူး။ ဒါနဲ့ wp-login.php ဆိုတဲ့ direct link ကို ရိုက်ပြီးတော့မှပဲ ဝင်လို့ ရပါတော့တယ်။

ကဲ ကျွန်တော် ဘာများ မှားသွားလို့လဲဗျာ။ CSS တွေ PHP တွေ မှားပြင်မိလို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်က ကိုယ်သေသေချာချာ မသိတဲ့ဟာဆိုရင် မပြင်တတ်လို့ပါပဲ။ နောက်ပြီး ခုဘလော့ဂ်မှာကျတော့ ကျွန်တော် အများကြီး လျှောက်ပြင်ထားပေမယ့် ဘာပြဿနာမှ မဖြစ်ပါဘူး။ တစ်ခြား ပြဿနာတွေတော့ ရှိတာပေါ့။ တကယ်တော့လည်း php တွေ ဝင်ပြင်တယ်ဆိုတာ အချိန်ကုန်ပြီး အကျိုးမရှိလှဘူးလို့ ထင်မိပါတယ်။ အဲ CSS ကတော့ ပြင်တတ်ရမှာပေါ့ဗျာ။ တစ်ချို့ theme တွေက လှချင်ပေမယ့် content နဲ့ sidebar က ကျယ်နေပြီး wrap က ကျဉ်းနေတာမျိုး၊ တစ်ချို့လည်း content က ကျဉ်းကျဉ်းလေး ဖြစ်နေတော့ screen ကျယ်ကျယ်နဲ့ သွားကြည့်ရင် အဆင်မပြေတာမျိုးတွေ ရှိတတ်တာ မဟုတ်လား။ ကျွန်တော်ကတော့ ကိုအိမောင် ပြောပြတဲ့ withကို 960px; ထားသင့်တယ်ဆိုတာကို သဘောကျပါတယ်။

ကျွန်တော့် ပြဿနာတွေကို ဘာကြောင့် ဒီလိုတွေ ဖြစ်တယ်ဆိုတာ သေသေချာချာ ပြောပြပေးပါဗျာ။ ပြောပြပေးမယ့် လူမရှိရင်လည်း ကိုယ့်လောက်မှ အတွေ့အကြုံ မရှိသေးတဲ့ လူတွေအတွက် ဒီလို ပြဿနာတွေ ဖြစ်တတ်တယ်ဆိုတာ သိစေချင်လို့ပါ။

  • ကျွန်တော်တော့ လျှောက်ပြီး ဘာမှမပြင်ဘူး… တတ်လည်း မတတ်ဘူးဗျ…
    ဒါပေမဲ့ ဗဟုသုတတော့ ရသွားတာပေါ့…