ကျောင်းမနေခင်စိတ်

စိတ်ပညာရှင်များက လူတို့၏ စိတ်ကို (၁)ငါးနှစ်သားစိတ် (၂)ဆယ်နှစ်သားစိတ် (၃)ဆယ့်ငါးနှစ်သားစိတ်ဟု ဥပမာဖြင့် သုံးမျိုးခွဲပြသည်။ ထိုသုံးမျိုးတွင် ငါးနှစ်သားစိတ်ကို “ကျောင်းမနေခင်စိတ်” ဟု ရည်ညွှန်းခြင်း ဖြစ်သည်။ ငါးနှစ်သားအရွယ်များဟာ ထူးဆန်းထွေလာ ပုံပြင်များ၊ ယုတ္တိလွန် စွန့်စားခန်းများကို စိတ်ဝင်စားကြသည်။ အလင်းနှင့် အမှောင်၊ အဆိုးနှင့် အကောင်းတို့ ပဋိပက္ခ ဖြစ်စဉ်ကို ကြည့်၍ အမှောင်ကို သင်ယူကာ အလင်းဖက်၌ နေချင်ကြသည်၊ ငါးနှစ်သားများ၏ စိတ်သည် အဖြူမဟုတ်လျှင် အမည်း၊ အမည်း မဟုတ်လျှင် အဖြူ နှစ်မျိုးသာ အားပြိုင်ကြသည် ဟုဆိုသည်။

ဆယ်နှစ်သား အရွယ်များကတော့ စေတနာကို ကြည့်တတ်သည်၊ အကောင်း အဆိုး၊ အဖြူ အမည်းတို့၏ အကြောင်းတရားကို ကြည့်တတ်လာပြီ၊ ဥပမာ- ခင်ဗျားက ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တစ်ခုခုဝယ် ပေးဖို့ ကြိုးစားတယ်၊ အဲဒီကောင်လေးမှာက အစ်မချောချောလေး တစ်ယောက်ရှိတယ် ဆိုပါစို့၊ ဒါဆို ကောင်လေးက ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို သိနိုင်တယ်ပေါ့။

ဆယ့်ငါးနှစ်သားစိတ်က အကျိုးအကြောင်း အမြင်များ၏ နှိုင်းရသဘော (Relativism) ကို ကြည့်တတ်တယ်၊ နတ်များလည်း အမှားလုပ်တတ်တယ်၊ လူမိုက်ဆိုပေမယ့် ကောင်းကွက်လေးတော့ ရှိတယ်၊ ဟိုဘက်ခြံမှာလည်း မြက်ရှိတယ်၊ အဲဒီလို တွေးတတ်သည် ဟုဆိုသည်။

စိတ်ဝင်စားစရာ အကောင်းဆုံးတစ်ခုက လူတိုင်း ဆယ့်ငါးနှစ်သားစိတ် (တနည်း) နှိုင်းရတွေးစိတ် မရှိကြ၊ တစ်ချို့က တသက်လုံး ငါးနှစ်သား စိတ်က မတက်၊ တစ်ချို့က ဆယ်နှစ်သား စိတ်က မတက်၊ ဆယ့်ငါးနှစ်သား စိတ်သို့ ရောက်ပြီး သူသော်မှ အဖြူမဟုတ်လျှင် အမည်း၊ အမည်း မဟုတ်လျှင် အဖြူ ဟုတွေးသည့် ငါးနှစ်သားစိတ်သို့ ပြန်လျှောကျသွားတတ်သည်၊ ကျောင်းမနေခင်စိတ်သည် ကျွန်တော်တို့ကို အမြဲလှည့်ပတ် ဖြားယောင်း၍ လက်ယပ် ခေါ်နေသည် ဆိုသော အချက်ဖြစ်သည်။

မှတ်ချက်။ ကိုတာ “ပုံပြောခြင်း” မှ

  • အဖြူတွေအမည်းတွေ ငြင်းတော့ဘူး မီးခိုးရောင်လည်းရှိတာပဲဆိုတာလက်ခံလိုက်တော့မယ်.. 🙂

    ဟုတ်တယ်နော်… နေ့အိပ်မက်လည်း တအားအငြင်းသန်တော့ ငါးနှစ်သားစိတ်ကိုလျှော့ရမယ်ထင်တယ်…

  • 10 နှစ်သားလောက်လေးဆိုရင်ကို မဆိုးဘူးနော်….. 🙂

  • တောသူမလေး

    လာအားပေးသွားပါသည်..ကောင်းပါတယ်…ဖတ်လို့
    တောသူကတော့ခုထိ ငါးနှစ်သားထင်နေတုန်း.. 😛

  • ကောင်းပါပေ့…၊ း)