how to get google’s verified authorship for your blog

authorshipဒီတစ်ခါရေးမယ့် အကြောင်းအရာလေး ကလည်း သိပ်တော့ ထွေထွေထူးထူး မဟုတ်ပြန်ပါဘူး၊ ကျွန်တော် လျှောက်ပြီး လိုက်ဖတ်ရင်း ဖတ်ရင်း တွေ့မိလို့ လုပ်ကြည့် ထားတာလေးပါ။ အဆင်လည်းပြေ လို့မို့ ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ google authorship လုပ်နည်းလေးပါပဲ၊ ထုံးစံအတိုင်း သိပြီးသား လူတွေအတွက်တော့ မရည်ရွယ်ပါဘူး ခင်ဗျာ။

Continue Reading

how to fix 500 internal server error

internalservererror

အရင်က ဒီ error အကြောင်းကို ကျွန်တော် ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်၊ အဲဒီတုန်းက ကျွန်တော်က plug in တစ်ခုခုကြောင့်ပဲလို့ သာမန် ထင်ထားခဲ့တာ၊ ထင်ဆို အဲဒီတုန်းကလည်း ကျွန်တော်ထင်တဲ့ plug in ကို ဖြုတ်ပစ်လိုက်တော့ ဒီ error က တော်တော်နဲ့ ပြန်ပေါ်မလာ တော့တာကိုး၊ ဒီတော့ ကျွန်တော်လည်း ဒါဟာ plug in ကြောင့်လို့ပဲ ထင်လိုက်မိတာပေါ့၊ နောက်တော့မှ ဒီပြဿနာဟာ wordpress ရဲ့ ပြဿနာသက်သက်မျှ မဟုတ်ပဲ ဆာဗာပိုင်းက တစ်စုံတစ်ရာ လိုအပ်ချက်နဲ့လည်း  သက်ဆိုင်နိုင်တယ် ဆိုတာ သိလာရတယ်။

Continue Reading

rss feed error

feedဒီပြဿနာက ဆိုက်တစ်ခုလုံး ပျက်သွားတဲ့ ပြဿနာ မျိုးတော့ မဟုတ်ပါဘူး၊ ဆိုက်ကို Rich Site Summary လို့ခေါ်တဲ့ RSS ပုံစံနဲ့ ကြည့်လို့ မရတာလောက် ပါပဲ၊ ဆိုက်တစ်ခုလုံး ပျက်သွားတာ မျိုးလည်း မဟုတ်၊ ဒီမှာက သိပ်သုံးကြတဲ့ ပုံစံမျိုးလည်း မဟုတ်တော့ တစ်ချို့တွေဆို ကိုယ့်ဆိုက်က rss ပြဿနာတက်နေလို့ တက်နေမှန်း သိချင်မှတောင် သိပါလိမ့်မယ်။ RSS ဆိုတာဘာလဲ၊ သူ့ကြောင့် ဘာအကျိုး ကျေးဇူးတွေ ရလဲ ဆိုတာကို သိချင်ရင်တော့ ဒီလင့် ဒီလင့်တွေမှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။

ကျွန်တော် ပြောနိုင်တာကတော့ ဒီပြဿနာ ဖြစ်နေရင် ကိုယ့်ဆိုက်ကို လာပြီး subscribe လုပ်ထားတဲ့ လူတွေဆီကိုလည်း ပို့စ်အသစ်တင်တဲ့ အခါ အီးမေးလ် ပို့မပေးနိုင်တော့ပါဘူး၊ နောက်ပြီး permalink တို့၊ search engine အနေနဲ့လည်း ကောင်းစွာ အလုပ်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ RSS နဲ့ ပတ်သက်တာကို ရှာကြည့်ရင် နောက်ထပ် အများကြီး တွေ့ရမှာပါ၊ ကျွန်တော် အများကြီး မရှင်းပြတတ်လို့ ခုလိုပဲ ပြောရတာပါ၊ ဒါဆို ဘာလို့ ပြောနေသေးလဲ ဆိုတော့ ကျွန်တော့်မှာ ဒီပြဿနာ ဖြစ်ခဲ့လို့ ကျွန်တော် ဒီလို ရှင်းခဲ့တယ် ဆိုတာလေး ပြန်လည် ဝေမျှချင်လို့ပါပဲ။

Continue Reading

how to add logo image in your simple theme

 WordPress Logoခင်ဗျား အသုံးပြုနေတဲ့ theme က သိပ်ကို ရိုးရှင်းတဲ့ simple theme တစ်ခု ဖြစ်မယ် ဆိုရင်တော့ အများစုဟာ header logo image ထည့်ခွင့်ပေးထားမှာ မဟုတ်ပါဘူး၊ ဒီလို ဖြစ်နေလို့ ခင်ဗျားအနေနဲ့ နောက်ဆုံးပေါ် ဖန်ရှင်စုံတဲ့ wordpress theme တစ်ခုခုကို ရွေးချယ်ကောင်း ရွေးချယ်နိုင် ပါတယ်။ ဒါမှမဟုတ် ဘန်နာ အထူကြီးတွေပါတဲ့ theme ကိုလည်း ရွေးဖြစ်ချင် ရွေးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုမလုပ်ချင်ဘူး၊ ဒီ theme လေးမှာပဲ မရမက လိုဂိုကို ထည့်ချင်တယ်။ ဆိုသူများ အတွက် အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးက အသုံးကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ခင်ဗျားဟာ ဟို့စ်တင်းတစ်ခုလုံး မပိုင်ရင်တောင် အနည်းဆုံးတော့ ခင်ဗျားရဲ့ wordpress file တွေဆီသွားဖို့ ftp အက်ကောင့် တစ်ခုတော့ ရှိရမှာ ဖြစ်ပါတယ်။ ဒါဆို လုပ်လို့ ရပါပြီ။

Continue Reading

how to creat navigation dropdown menu

dropdown

ထုံးစံအတိုင်း ဘယ်သူမှ သိပ်စိတ်မဝင်စားပေမယ့် သိထားတာလေးကို ရေးလိုက်ပါဦးမယ်၊ ဒါကတော့ ပုံမှာ ပြထားတဲ့အတိုင်း dropdown menu လုပ်နည်းလေးပါ၊ menu support ဖြစ်တဲ့ theme တွေ အတွက်ရော မဖြစ်တဲ့ theme အတွက်ပါ ပြောသွားပါမယ်။ အဲလို လုပ်ချင်ပေမယ့် မလုပ်တတ်တဲ့ သူတွေအတွက်ပေါ့။

menu support ဖြစ်ပြီးသား theme တွေ အတွက်တော့ အထွေအထူး လုပ်နေစရာ မလိုပါဘူး၊ menu name တစ်ခု ဖန်တီးပြီး ပို့စ်တွေ ပေ့ခ်ျတွေ category တွေကို ကြိုက်သလို ဆွဲထည့်ရုံပါပဲ။ လွယ်လွန်းလို့ ရှင်းအောင် ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။

ခုပြောမှာက menu support မဖြစ်တဲ့ theme တွေကို support ဖြစ်အောင် လုပ်ပြီး dropdown menu လုပ်ဖို့ပါ။ ကဲ စမယ်နော်။ ပထမဆုံး ဒီအောက်က ကုတ်တွေကို functions.php ထဲ သွားထည့်ပေးရပါမယ်။

Continue Reading